Connect with us

Videos

အိမ်ခြေပေါင်း ၅ထောင်ကို တစ်နှစ်စာ အိမ်သုံးလျှပ်စစ်ဓါတ်အားဖူလုံနိုင်စေရန် ဆိုလာပြားများကို တပ်ဆင်

ကျန်းရှီ၊ ဇွန် ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းရှီပြည်နယ်တွင် ကုမ္ပဏီတစ်ခုက ကားပါကင်နေရာများ၏ အမိုးပေါ် ၌ ဆိုလာပြားများကို တပ်ဆင်ကာ အိမ်ခြေပေါင်း ၅ထောင်ကို တစ်နှစ်စာ အိမ်သုံးလျှပ်စစ်ဓါတ်အား ဖူလုံနိုင်စေရန်အတွက် ဆောင်ရွက်ထားကြောင်းသိရသည်။ ထိုသို့ Photovoltaic စနစ်သုံး ဆိုလာပါဝါ ထုတ်လုပ်ခြင်းကို နန်ကျန်းအခြေစိုက် Fangda New Energy ကုမ္ပဏီမှ ငွေကြေးစိုက်ထုတ်တပ်ဆင်ခြင်းဖြစ်ပြီး မြို့၏ စတုရန်းကီလိုမီတာပေါင်း ၆၉ဝဝဝ အတွင်းတပ်ဆင်ထားခြင်းဖြစ်သည်။
Fangda New Energy ကုမ္ပဏီ၏ အဆိုအရ လိုအပ်သည့် လျှပ်စစ်ဓါတ်အားအများစုကို ဆိုလာပြားများမှ ထုတ်ယူခြင်းဖြစ်ပြီး ထိုလျှပ်စစ်များကို ဒေသသုံး ပင်မဓါတ်အားလိုင်းကို ထောက်ပံ့ဖြန့်ဝေပေးနိုင်သည်။ အဆိုပါ စနစ် တည်ဆောက်ခြင်းအတွက် ယွမ်ငွေ ၅၃ သန်း (အမေရိကန်ဒေါ်လာ ၈ သန်း) ကုန်ကျခဲ့ပြီး ဇန်နဝါရီလ က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ၄ လ အတွင်းပြီးစီးခဲ့သည်။ Fangda New Energy ကုမ္ပဏီက နောက်ပိုင်းတွင် ကားပါကင်နေရာ ခေါင်မိုးများကို အသုံးပြုပြီး ဆိုလာပါဝါများကို ပိုမိုထုတ်ယူအသုံးပြုနိုင်ရန် မျှော်လင့်ထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.