Connect with us

Videos

စွန့်ပစ်အမှိုက်များကို ခေတ်မီ နည်းပညာအသုံးပြုကာ သန့်စင်သည့် စွမ်းအင်အဖြစ် ထုတ်လုပ်

ပေကျင်း၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ထွက်ရှိသည့် အမှိုက်များကို ဥရောပတိုက်မှ စွန့်ပစ်ပစ္စည်းပြန်လည်ထုတ်လုပ်ရေး လုပ်ငန်းများ က အမှိုက်သန့်စင်နည်းပညာများကို အသုံးပြုကာ ပြန်လည်သန့်စင်ခဲ့သည်။ ၎င်းတို့ထဲတွင် ဂျာမနီ နိုင်ငံ ALBA Group ကလည်း မီးဖိုချောင်သုံးစွန့်ပစ်အမှိုက်များကို ခေတ်မီ နည်းပညာအသုံးပြုကာ သန့်စင်သည့် စွမ်းအင်အဖြစ် ထုတ်လုပ် ခဲ့သည်။ ALBA Group ၏ ပြောရေးဆိုခွင့်ရှိသူ Susanne Jagenburg က လည်း ဒီနည်းပညာကို လူတွေပိုမိုစိတ်ပါဝင်စားဖို့ နှင့် ပိုမို ထုတ်လုပ်နိုင်ဖို့ အရမ်းအရေးကြီးကြောင်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အမှိုက်အမျိုးအစားခွဲခြားခြင်းနှင့် စွန့်ပစ်ခြင်းစနစ်များကို အားထုတ်ကြိုးပမ်း လျက်ရှိသည်။ ၂ဝ၂ဝ ပြည့်နှစ်အရောက်တွင် အမှိုက်စနစ်တကျစွန့်ပစ်သည့်စနစ်များကို အဓိက မြို့ကြီး ၄၆ မြို့တွင်ကျင့်သုံးသွားမည်ဖြစ် ပြီး ၂ဝ၂၅ ခုနှစ်အရောက်တွင် တစ်နိုင်ငံလုံး ကျင့်သုံးရန် ရည်ရွယ်ထားကြောင်း သိရသည်။ တရုတ်နိုင်ငံအနေဖြင့် အမှိုက်စနစ်တကျ စွန့်ပစ်ရန် ဆောင်ရွက်မည့် စနစ်အတွက် ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံ အထိအသုံးပြု သွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.