Connect with us

Videos

တရုတ်နိုင်ငံ၏ သံလမ်းမဲ့ စမတ်နည်းပညာသုံးယာဉ် ကို ကာတာနိုင်ငံ တွင် စမ်းသပ်ပြေးဆွဲ

ဒိုဟာ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

ကာတာ နိုင်ငံ ဒိုဟာမြို့တွင် တရုတ်နိုင်ငံက ထုတ်လုပ်သည့် သံလမ်းမဲ့ စမတ်နည်းပညာသုံးယာဉ် ကို ပထမဆုံးအကြိမ် စမ်းသပ်ပြေးဆွဲပြီဟုသိရသည်။ ၎င်း စမတ်ကားရထားများကို တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရပ်ခြားသို့ ပထမဆုံးအကြိမ် တင်ပို့ခြင်းဖြစ်ပြီး ဘတ်စ်ကား၊ မီးရထားနှင့် ဓါတ်ရထား ပုံစံ သုံးမျိုးစလုံး၏ ဝိသေသလက္ခဏာများဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။ အဆိုပါ ယာဉ် မှာ ရထားသံလမ်းသီးသန့် သတ်မှတ်ဖောက်လုပ် ထားခြင်းမရှိသည့် လမ်းများပေါ်တွင်လည်း အာရုံခံနည်းပညာအသုံးပြုသည့် virtual track စနစ်ဖြင့် အဆင်ပြေစွာ သွားလာနိုင်သည်။ ခရီးသည်ပေါင်း ၃ဝဝ ကျော်ကို တင်ဆောင်သွားလာနိုင်ကာ အရှည်အားဖြင့် ၃၂ မီတာရှိ ပြီး စမ်းသပ်ပြေးဆွဲခြင်းကို ဇူလိုင် ၂၄ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.