Connect with us

Videos

တစ်နာရီတွင် ၆ဝဝ ကီလိုမီတာနှုန်းဖြင့်ပြေးဆွဲမည့် သံလိုက်ရထားမိတ်ဆက်

ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင်လက်ရှိပြေးဆွဲ အသုံးပြုလျက်ရှိသည့် သံလိုက်ရထားများထက် ပိုမိုမြန်ဆန်သော တစ်နာရီလျင် ကီလိုမီတာ ၆ဝဝ နှုန်းဖြင့်ပြေးဆွဲလျက်ရှိသည့် သံလိုက်ရထားကို စမ်းသပ်ထုတ်လုပ်နေပြီ ဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံးရထားအစိတ်အပိုင်းထုတ်လုပ်ရေးကုမ္ပဏီလီမိတက်ဖြစ်သည့် CRRC Corp. Ltd က အဆိုပါ သံလိုက်ရထားကို စမ်းသပ်ထုတ်လုပ်မည်ဖြစ်သည်။ အဆိုပါကုမ္ပဏီက တစ်နာရီလျင် ကီလိုမီတာ ၂ဝဝ နှုန်းဖြင့် ပြေးဆွဲနိုင်သော အခြားသံလိုက်ရထားများကိုလည်း ထုတ်လုပ်မည်ဖြစ်ပြီး နိုင်ငံတွင်းနည်းပညာ အဆင့်မြှင့်တင်ရန်နှင့် အလယ်အလတ် နှင့် အမြန်ဆုံး နှုန်းဖြင့် ပြေးဆွဲနိုင်သော စနစ်သစ်သံလိုက်ရထား ထုတ်လုပ်မှု အဆင့်အတန်းကို တစ်ကမ္ဘာလုံးသို့ထိုးဖောက်နိုင်ရန် ရည်ရွယ်သည်။တစ်နာရီလျင် ၄ဝဝ ကီလိုမီတာဖြင့်ပြေးဆွဲသောရထားများထွက်ပေါ်လာပါက နိုင်ငံအတွင်း လက်ရှိအသုံးပြုနေသည့် တစ်နာရီလျင် ၃၅ဝ ကီလိုမီတာနှုန်းပြေးဆွဲနေသော ကျည်ဆံရထားများ ၏ စွမ်းအင်ကုန်ကျမှုထက် ၁ဝ ရာခိုင်နှုန်းပိုမိုသက်သာသွားမည်ဖြစ်သည်။တရုတ်နိုင်ငံအနေဖြင့် မကြာသေးမီနှစ်များအတွင်းကပင် နိုင်ငံအတွင်း ကီလိုမီတာ ၂သောင်းကျော်ရှိ ကမ္ဘာ့အရှည်ဆုံးမြန်နှုန်းမြင့်ရထားလမ်းကွန်ရက် ကို လွှမ်းခြုံနိုင်ရန် မြန်နှုန်းမြင့်ရထားများ ကို လျင်မြန်စွာဖွံ့ဖြိုးတိုးတက်ရန်လုပ်ဆောင်လျက်ရှိသည်။ပထမဆုံးပြည်တွင်းဖြစ်သံလိုက်ရထားကို မေလတွင် စတင်စမ်းသပ်ပြေးဆွဲခဲ့ပြီး တစ်နာရီလျင် ကီလိုမီတာ ၁ဝဝ နှုန်းဖြင့်ပြေးဆွဲခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.