Connect with us

Videos

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုခိုင်မာရေးတိုက်တွန်း

ဘီရှ်ကက်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (Shanghai Coorperation Organization= SCO) အဖွဲ့ဝင်များအား လုံခြုံရေးနှင့် ဒေသတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းများနှင့် လုပ်ထုံးလုပ်နည်းများ တည်ထောင်ရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် ခိုင်မာစွာ လုပ်ဆောင်ကြရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က နိုဝင်ဘာလ ၃ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

ကာဂျစ်စတန်နိုင်ငံ မြို့တော် ဘီရှ်ကက်တွင် ပြုလုပ်သည့် ၁၅ ကြိမ်မြောက် SCO ဝန်ကြီးချုပ်များ အစည်းအဝေး၌ ဝန်ကြီးချုပ် လီက အထက်ပါ မှတ်ချက်အား ပြောကြားခဲ့ခြင်း ဖြစ်သည်။

SCO အဖွဲ့ဝင်များအနေဖြင့် ဘုံကျပြီး ဘက်စုံ ပူးပေါင်းဆောင်ရွက်ပြီး ရေရှည်တည်တံ့သော လုံခြုံရေး အယူအဆအား လိုက်နာဆောင်ရွက်ကြရန်၊ အဖွဲ့ဝင်နိုင်ငံ အချင်းချင်း သတင်းအချက်အလက် ဖလှယ်ရေးနှင့် ဥပဒေပြုခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးပြည်သူများ ဘေးကင်း လုံခြုံရေးနှင့် အခြား SCO အဖွဲ့ဝင်နိုင်ငံများ၏ ပြဋ္ဌါန်းချက်များ၊ လုပ်ငန်းများနှင့် နယ်မြေဆိုင်ရာ ဝန်ထမ်းအင်အား စသည်တို့အား သေချာစွာ လုပ်ဆောင်ကြရန် လီက တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.