Videos
တရုတ်နိုင်ငံက တည်ဆောက်ပေးသည့် လက်တင်အမေရိက၏ အကြီးဆုံး ဆိုလာစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ စတင်လည်ပတ်
ဗြူနိုအေးရိစ်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက တည်ဆောက်ပေးခဲ့ပြီး လက်တင်အမေရိကတွင် အကြီးဆုံး ဖြစ်သည့် ဆိုလာ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းကြီးသည် အာဂျင်တီးနားနိုင်ငံ အနောက်မြောက်ပိုင်း Jujuy ပြည်နယ် တွင် စတင် လည်ပတ်အသုံးပြုလျက်ရှိပြီဖြစ်သည်။
Cauchari ဟု အမည် ရသည့် ၎င်း ဆိုလာစွမ်းအင်ထုတ်စီမံကိန်းမှ ထုတ်လုပ်သည့် သန့်စင်သောစွမ်းအင်များကို အာဂျင်တီးနားနိုင်ငံ၏ ပင်မ ဓါတ်အားပို့လွှတ်စနစ်သို့ပို့ဆောင်ပေးရုံသာမက ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်း များကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်။
၎င်းဆိုလာစွမ်းအင်ထုတ်လုပ်ရေးစက်ရုံမှ လျှပ်စစ်ဓါတ်အား စုစုပေါင်း ၃၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးနိုင် ပြီး စက်ရုံအား ပျမ်းမျှအားဖြင့် နှစ်ပေါင်း ၂၀ အထိ အသုံးပြုနိုင်ရန် တည်ဆောက်ထားခြင်းဖြစ်သည်။မြေဧရိယာ ဟက်တာ ၆၀၀ ကျော်အသုံးပြုတည်ဆောက်ထားသည့် ၎င်းဆိုလာစွမ်းအင်သုံးလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းတွင် လျှပ်စစ်ဓါတ်အား ထုတ်လွှတ်ရေးစက်ရုံ ၃ ရုံ တည်ဆောက်ထားသည်။
အဆိုပါ စီမံကိန်းတွင် ဆိုလာအပြားပေါင်း ၁ ဒသမ ၂ သန်းကိုတပ်ဆင်ထားပြီး တည်ဆောက်ရေးလုပ်ငန်းစဉ်အတွင်း အလုပ်အကိုင်ပေါင်း ၁,၅၀၀ ခန့် ဖန်တီးပေးနိုင်ခဲ့သည်။ဆိုလာ စွမ်းအင် စီမံကိန်းမှ တစ်ဆင့် အာဂျင်တီးနားနိုင်ငံအတွက် အခွန်အခ ဒေါ်လာ သန်း ၅၀ ခန့် ရရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်းသိရသည်။ (Xinhua)