Connect with us

Videos

တရုတ်နိုင်ငံ၌ ထုတ်လုပ်ခဲ့ဖူးသမျှတွင် အကြီးဆုံးဖြစ်သည့် တန် ၄,၃၀၀  ရှိ ဥမင်တူးစက်ကြီး 

ချန်ရှား၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ ချန်ရှားမြို့တွင် စက်တင်ဘာ ၂၇ ရက် က အချင်း ၁၆ မီတာရှိသည့် အကြီးဆုံး ဥမင်တူးစက်ကြီး အားအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့သည်။ အဆိုပါ ဥမင်တူးစက်ကြီးသည် အရှည် ၁၅၀ မီတာရှိပြီး အလေးချိန် တန် ၄,၃၀၀ ရှိကာ တရုတ်နိုင်ငံအတွင်းထုတ်လုပ်ခဲ့ဖူးသမျှ ဥမင်တူးစက်ကြီးများအနက် အကြီးဆုံး လည်းဖြစ်သည်။ အဆိုပါ ဥမင်တူးစက်ကြီး ၏ အမြင့်မှာ ငါးထပ်တိုက် အဆောက်အဦတစ်လုံးစာနှင့်ညီမျှကြောင်း သိရသည်။ ယင်း ဥမင်တူးစက်ကြီးကို ပေကျင်းမြို့ အရှေ့ဘက် အမှတ် ၆ မြို့ပတ်လမ်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်းခွင်တွင်အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.