Connect with us

Videos

တရုတ်နိုင်ငံက ထုတ်လုပ်သည့် ပေါက်ကွဲမှုဒဏ်ခံနိုင်သည့်ရထားကို အစ္စရေးနိုင်ငံ၌ ပြေးဆွဲမည်

တဲလ်အဗစ်၊ ဧပြီ ၂ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ချန်းချွမ်မြို့တွင် ဗုံးပေါက်ကွဲမှုဒဏ်ကို ခံနိုင်ရည်ရှိစေမည့်ရထားကို တရုတ် ရထားထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် CRRC Changchun ရထားထုတ်လုပ်ရေးလုပ်ငန်းက ထုတ်လုပ်ပြီး အစ္စရေးနိုင်ငံ တဲလ်အဗစ် မြို့ တွင် ပြေးဆွဲမည်ဟုသိရသည်။ အဆိုပါ ရထားကို ပေါက်ကွဲမှုဒဏ်ကို ခံနိုင်ရည်ရှိစေပြီး လုံခြုံရေးကို အထူးအဆင့်မြင့်စေရန် စီမံထုတ်လုပ်ထားပြီး မြို့အတွင်း ၂၃ ကီလိုမီတာ အရှည်ရှိသည့်ရထားလမ်း၌ ၂ဝ၂၁ ခုနှစ်အရောက်တွင် ပြေးဆွဲမည် ဖြစ်သည်။ ရထားမောင်းနှင်သူ၏ အခန်းအတွင်းသို့လည်း ကျူးကျော် ဝင်ရောက်မှု မရှိစေရန် လုံခြုံစိတ်ချရမှုအထူး အာမခံနိုင်သည့် ဒီဇိုင်းဖြင့် ဖန်တီးထားသည်။ ရထား၏အောက်ပိုင်း ကိုယ်ထည်ကိုလည်း သံလိုက် ဗုံးများ ၏ ဒါဏ်ကို ခံနိုင်ရည်ရှိစေရန် ကာကွယ်ထားကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.