Videos
တရုတ်နိုင်ငံက ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းအတွက် မဟာစီမံကိန်းထုတ်ပြန်
ဟိုင်နန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမြောက်ပိုင်း ဟိုင်နန်ပြည်နယ်တွင် ကမ္ဘာတစ်ဝန်းလုံးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အဆင့်မြင့် လွတ်လပ်သော ကုန်သွယ်ဆိပ်ကမ်းတစ်ခုဖော်ဆောင်ရန် မဟာစီမံကိန်းတစ်ရပ်ကို တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့သည်။အဆိုပါ စီမံကိန်းအရ ၂၀၂၅ ခုနှစ်အရောက်တွင် ဟိုင်နန်၌ အခြေခံကျသည့် လိုအပ်ချက်များနှင့် လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှုနှင့် ရောင်းဝယ်ဖောက်ကားနိုင်သည့် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းစနစ်တစ်ခုကို ဖော်ဆောင်မည်ဖြစ်ပြီး ၂၀၃၅ ခုနှစ်အရောက်တွင် ပိုမို တည်ငြိမ်ကောင်းမွန်စွာလည်ပတ်နိုင်သည့် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းတစ်ခုဖြစ်စေမည်ဟုသိရသည်။
လူကြိုက်များသည့် လည်ပတ်စရာဒေသတစ်ခုဖြစ်သော ဟိုင်နန်ကျွန်းကို ၂၀၁၈ ခုနှစ်တွင် လွတ်လပ်သောကုန်သွယ်မှုဇုန် အဖြစ် စမ်းသပ် ဖော်ဆောင်ခဲ့သည်။အဆိုပါမူဝါဒများအရ နိုင်ငံခြားသားများလည်း စီးပွားရေး၊ ခရီးသွားလာရေး၊ ဆွေမျိုးများထံလည်ပတ်ခြင်း၊ ဆေးဝါးကုသရန်လာရောက်ခြင်း စသဖြင့် မည်သည့်အကြောင်းကိစ္စနှင့်မဆို ဟိုင်နန်သို့ ဗီဇာကင်းလွတ်ခွင့်ဖြင့်ဝင်ထွက်သွားလာနိုင်မည်ဖြစ်သည်။
ဟိုင်နန်သို့ရောက်ရှိလာသည့် ဂျာမန်လူမျိုး ခရီးသည်တစ်ဦးက “ တရုတ်နိုင်ငံကိုလာရတာတကယ်ကိုလွယ်ကူပါတယ်၊ ကျွန်တော်လိုအပ်တာဆိုလို့ passport နဲ့ ခရီးသွားအေဂျင်စီရဲ့ စာရွက်စာတမ်းတွေပါပဲ” ဟု ဆင်ဟွာကိုဖြေကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ၂၀၃၅ ခုနှစ်အရောက်တွင် ဟိုင်နန်ဒေသကို တစ်ကမ္ဘာလုံးအား ဆွဲဆောင်နိုင်သည့် ခရီးသွားလာမှုနှင့်ရောင်းဝယ်ဖောက်ကားရာနေရာတစ်ခုဖြစ်လာစေရန်ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်နေခြင်းဖြစ်သည်။
တရားဝင် ထုတ်ပြန်ထားသော အချက်အလက်များအရ ဟိုင်နန်ကျွန်းသို့ ၂၀၁၉ခုနှစ်တွင် နိုင်ငံရပ်ခြားမှ ခရီးသွားဧည့်သည်ပေါင်း ၁.၄ သန်းဝင်ရောက်ခဲ့ပြီးထိုပမာဏမှာ ယခင်နှစ်ကထက် ၁၂ ရာခိုင်နှုန်းပိုမိုများပြားခဲ့ကာ ခရီးသွားလုပ်ငန်းဝင်ငွေခွန်မှာလည်း အမေရိကန်ဒေါ်လာ၁၄.၈ ဘီလီယံ ရရှိခဲ့သည်ဟုသိရသည်။
ခရီးသွားလုပ်ငန်း၏ အဓိက ကဏ္ဍကြီး ၃ ခုမှာခေတ်မီဝန်ဆောင်မှုများနှင့် အဆင့်မြင့်နည်းပညာများ၊ကမ္ဘာ့ထိပ်တန်းလုပ်ငန်းစုကြီး၅၀၀ ကျော်မှ များစွာလာရောက်ရင်းနှီးမြှုပ်နှံထားရှိမှု နှင့် Temasek, SOSV နှင့် Deloitte စသည့် နာမည်ကျော်လုပ်ငန်းစုများ အပါအဝင် လုပ်ငန်းများစွာ ဟိုင်နန်တွင် ရင်းနှီးမြှုပ်နှံလာရန်စသည်တို့ဖြစ်သည်။
လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းအဖြစ်ဖော်ဆောင်နေသည့် ဟိုင်နန်ကျွန်း သည် ပြည်နယ်တစ်ခုအနေဖြင့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့်တံခါးဖွင့်ဝါဒမူဝါဒကို ထင်ဟပ်ပြနေပြီးတစ်ကမ္ဘာလုံးစီးပွားရေးကဏ္ဍ ကို မြှင့်တင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသောနေရာ တစ်ခုဖြစ်ကြောင်းသိရသည်။ (Xinhua)