Connect with us

Videos

တရုတ်နိုင်ငံက ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းအတွက် မဟာစီမံကိန်းထုတ်ပြန်

ဟိုင်နန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ဟိုင်နန်ပြည်နယ်တွင် ကမ္ဘာတစ်ဝန်းလုံးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အဆင့်မြင့် လွတ်လပ်သော ကုန်သွယ်ဆိပ်ကမ်းတစ်ခုဖော်ဆောင်ရန် မဟာစီမံကိန်းတစ်ရပ်ကို တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့သည်။အဆိုပါ စီမံကိန်းအရ ၂၀၂၅ ခုနှစ်အရောက်တွင် ဟိုင်နန်၌ အခြေခံကျသည့် လိုအပ်ချက်များနှင့် လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှုနှင့် ရောင်းဝယ်ဖောက်ကားနိုင်သည့် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းစနစ်တစ်ခုကို ဖော်ဆောင်မည်ဖြစ်ပြီး ၂၀၃၅ ခုနှစ်အရောက်တွင် ပိုမို တည်ငြိမ်ကောင်းမွန်စွာလည်ပတ်နိုင်သည့် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းတစ်ခုဖြစ်စေမည်ဟုသိရသည်။

လူကြိုက်များသည့် လည်ပတ်စရာဒေသတစ်ခုဖြစ်သော ဟိုင်နန်ကျွန်းကို ၂၀၁၈ ခုနှစ်တွင် လွတ်လပ်သောကုန်သွယ်မှုဇုန် အဖြစ် စမ်းသပ် ဖော်ဆောင်ခဲ့သည်။အဆိုပါမူဝါဒများအရ နိုင်ငံခြားသားများလည်း စီးပွားရေး၊ ခရီးသွားလာရေး၊ ဆွေမျိုးများထံလည်ပတ်ခြင်း၊ ဆေးဝါးကုသရန်လာရောက်ခြင်း စသဖြင့် မည်သည့်အကြောင်းကိစ္စနှင့်မဆို ဟိုင်နန်သို့ ဗီဇာကင်းလွတ်ခွင့်ဖြင့်ဝင်ထွက်သွားလာနိုင်မည်ဖြစ်သည်။

ဟိုင်နန်သို့ရောက်ရှိလာသည့် ဂျာမန်လူမျိုး ခရီးသည်တစ်ဦးက “ တရုတ်နိုင်ငံကိုလာရတာတကယ်ကိုလွယ်ကူပါတယ်၊ ကျွန်တော်လိုအပ်တာဆိုလို့ passport နဲ့ ခရီးသွားအေဂျင်စီရဲ့ စာရွက်စာတမ်းတွေပါပဲ” ဟု ဆင်ဟွာကိုဖြေကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ၂၀၃၅ ခုနှစ်အရောက်တွင် ဟိုင်နန်ဒေသကို တစ်ကမ္ဘာလုံးအား ဆွဲဆောင်နိုင်သည့် ခရီးသွားလာမှုနှင့်ရောင်းဝယ်ဖောက်ကားရာနေရာတစ်ခုဖြစ်လာစေရန်ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်နေခြင်းဖြစ်သည်။

တရားဝင် ထုတ်ပြန်ထားသော အချက်အလက်များအရ ဟိုင်နန်ကျွန်းသို့ ၂၀၁၉ခုနှစ်တွင် နိုင်ငံရပ်ခြားမှ ခရီးသွားဧည့်သည်ပေါင်း  ၁.၄ သန်းဝင်ရောက်ခဲ့ပြီးထိုပမာဏမှာ ယခင်နှစ်ကထက် ၁၂ ရာခိုင်နှုန်းပိုမိုများပြားခဲ့ကာ ခရီးသွားလုပ်ငန်းဝင်ငွေခွန်မှာလည်း အမေရိကန်ဒေါ်လာ၁၄.၈ ဘီလီယံ ရရှိခဲ့သည်ဟုသိရသည်။

 

ခရီးသွားလုပ်ငန်း၏ အဓိက ကဏ္ဍကြီး ၃ ခုမှာခေတ်မီဝန်ဆောင်မှုများနှင့်  အဆင့်မြင့်နည်းပညာများ၊ကမ္ဘာ့ထိပ်တန်းလုပ်ငန်းစုကြီး၅၀၀ ကျော်မှ များစွာလာရောက်ရင်းနှီးမြှုပ်နှံထားရှိမှု နှင့် Temasek, SOSV နှင့် Deloitte စသည့် နာမည်ကျော်လုပ်ငန်းစုများ အပါအဝင် လုပ်ငန်းများစွာ ဟိုင်နန်တွင် ရင်းနှီးမြှုပ်နှံလာရန်စသည်တို့ဖြစ်သည်။

 

လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းအဖြစ်ဖော်ဆောင်နေသည့် ဟိုင်နန်ကျွန်း သည် ပြည်နယ်တစ်ခုအနေဖြင့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့်တံခါးဖွင့်ဝါဒမူဝါဒကို ထင်ဟပ်ပြနေပြီးတစ်ကမ္ဘာလုံးစီးပွားရေးကဏ္ဍ ကို မြှင့်တင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသောနေရာ တစ်ခုဖြစ်ကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.