Connect with us

Videos

တရုတ်နိုင်ငံတွင်ကျော်ကြားသည့် “အလန်းဆုံး အန်ကယ်ကြီး”

ပေကျင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ)

လူအများစုသည် မိမိတို့၏  စိတ်ကူးအိပ်မက်များအကောင်အထည်ဖော်ရန်အတွက် အချိန်သိပ်နောက်ကျသွားပြီ ဟု တွေးမိကြပါသည်။ သို့ရာတွင် အသက်အရွယ် ပဓာနမထားဘဲ မိမိ ဝါသနာပါသည်ကို တစ်စိုက်မတ်မတ် ကြိုးပမ်းအားထုတ်သူများလည်း ကမ္ဘာတစ်ဝန်းတွင်အမြောက်အမြားရှိကြသည်။ ထိုအထဲတွင် တရုတ်နိုင်ငံ၌ အသက် ၈၄ နှစ်အရွယ်အထိ အနုပညာလုပ်ငန်း အားကစားလုပ်ငန်းဖြင့် အင်တာနက်စာမျက်နှာပေါ်တွင် အောင်မြင်နေသူတစ်ဦးရှိသည်။ Wang Deshun ဟုအမည်ရသည့်အဖိုးအိုသည် အသက် ၂၄ နှစ်အရွယ်တွင် ဒရာမာ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးခဲ့ပြီးအသက် ၅၀ အရောက်တွင် ကာယလေ့ကျင့်ခန်းများ ကိုစတင်ပြုလုပ်ခဲ့သည်။ အသက် ၅၇ နှစ်အရွယ်တွင် သက်ရှိပန်းပုများအမည်ဖြင့် အနုပညာ ပြပွဲပြုလုပ်ခဲ့ပြီး အသက် ၇၀ တွင် ဝမ်းဗိုက်ကြွက်သားများထွက်လာသည်အထိ ကိုယ်ကာယ အားကစားပြုလုပ်ခဲ့သည်။ အသက် ၇၉ နှစ်တွင် တရုတ်နိုင်ငံတကာမော်ဒယ်လ် ရက်သတ္တပတ်တွင် မော်ဒယ်လ်တစ်ဦး အဖြစ်ရှိုးပွဲလျှောက်ခဲ့သည်။ လက်ရှိတွင် အသက် ၈၄ နှစ်ရှိပြီဖြစ်သည့် Wang ၏ ကြိုးပမ်းအားထုတ်မှုများနှင့် လေ့ကျင့်ခန်းများကြောင့် တရုတ်နိုင်ငံ၏ လူမှုကွန်ရက် အင်တာနက်စာမျက်နှာပေါ်တွင် အလန်းဆုံးအန်ကယ်ကြီးဟု လူသိများချစ်ခင်နှစ်သက် အားပေးခြင်းခံရသူတစ်ဦးဖြစ်လာခဲ့သည်။ (Xinhua)  

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.