Videos
တရုတ်နိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံရန်ချက်သမ္မတနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအားသမ္မတရှီဖိတ်ခေါ်
ပရာ့ဂ်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် တရုတ်နိုင်ငံက အဓိကကျသည့် မောင်းနှင်သူ တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေကြောင်းနှင့် ချက်သမ္မတနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်များအား တရုတ်နိုင်ငံ၌ လာရောက် ရင်းနှီး မြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း မတ်လ ၃၀ ရက်က တရုတ်- ချက်သမ္မတနိုင်ငံ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ၌ သမ္မ တ ရှီကျင့်ဖိန်က ပြောကြားလိုက်သည်။
ချက်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် သမ္မတ ရှီသည် ခရီးစဉ်၏ နောက်ဆုံး နေ့ဖြစ်သော မတ်လ ၃၀ ရက်တွင် မြို့တော် ပရာ့ဂ် ၌ ချက် သမ္မတနိုင်ငံ သမ္မတ မီလော့စ် ဇီးမန်းနှင့်အတူ ပြုလုပ်သည့် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သည့် စီးပွားရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ချက်သမ္မတနိုင်ငံသို့ သုံးရက်တာ ချစ်ကြည်ရေး ခရီးစဉ်သည် အနာဂတ် နှစ်နိုင်ငံ ဆက်ဆံရေး၏ ခေတ်သစ် တစ်ခုဖြစ်ပါကြောင်း ရှီက ပြောသည်။
နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲအပြီး နှစ်နိုင်ငံ သမ္မတများအား သက်သေပြုလျက် စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှုဆိုင်ရာ နားလည်မှု စာချွန်လွှာများအား နှစ်နိုင်ငံ စီးပွားရေးခေါင်းဆောင်များက လက်မှတ် ရေးထိုးခဲ့ကြသည်။ (Xinhua)