Connect with us

Videos

အစိုးရသစ် လက်ထက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမို များပြားလာအောင် အဓိကထား လုပ်ဆောင် သွားမည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ဆင်ဟွာသို့ပြောကြား

နေပြည်တော် ၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ယခု အစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမို များပြားလာအောင် အဓိက ထားပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက မတ်လ ၃၀ ရက်တွင် နေပြည်တော်၌ ဆင်ဟွာ သတင်းဌာနနှင့် သီးသန့်တွေ့ဆုံ ခဲ့ရာတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ကောင်းမွန်စေရန် ငွေကြေး လည်ပတ်မှု ကောင်းမွန် မှန်ကန်ရမည် ဖြစ်ပြီး ငွေကြေး လည်ပတ်မှု ကောင်းမွန်စေရန် ငွေကြေးဆိုင်ရာ မူဝါဒ ၊ ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒများ ကောင်းမွန်ရမည် ဖြစ်ကြောင်း ရေတို ၊ ရေရှည်တွင်လည်း ဘဏ္ဍာရေး စီမံခန့်ခွဲမှုများ ကောင်းမွန်ရမည် ဖြစ်ကြောင်း ၊ အသေးစား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးမှ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မည် ဖြစ်ကြောင်း ၊ အသေးစား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရန်မှာ ရင်းနှီးမြှုပ်နှံမှုသည် အဓိက လိုအပ်ချက် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့သည်။

ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားပြု၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ဦး ဖြစ်ပြီးနောက် ယခုကဲ့သို့စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး အဖြစ် မတ် ၃၀ ရက်တွင် ခန့်အပ် တာဝန်ပေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.