Videos
တရုတ်နိုင်ငံတွင် စက်ရုပ်စားဖိုမှူးများမှ ချက်ပြုတ်ပေးခဲ့
ရှန်ဟိုင်း ၊ ဒီဇင်ဘာ (၂၈) ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှိ ရှန်ဟိုင်းစားသောက်ဆိုင်တွင် စက်ရုပ်စားဖိုမှူး ၂ ယောက် သည် ဂျပန် ရိုးရာ အစားအစာ တစ်မျိုးဖြစ်သော ရာမန်ဟုခေါ်သည့် ခေါက်ဆွဲပြုတ်အား ပြင်ဆင်ရောင်းချ ပေးလျက် ရှိသောကြောင့် လူအများစိတ်ဝင်စားခြင်းခံရကြောင်းသိရသည်။ ကိုနာနှင့် တိုယာ လို့ အမည်ရသော အဆိုပါစက်ရုပ်များသည် စက္ကန့် (၉ဝ) အတွင်းတွင် ခေါက်ဆွဲပြုတ်တစ်ပန်းကန်အား အသင့် စားနိုင်စေရန် စီစဉ်ပေးနိုင်ကြသည်။ ၎င်းတို့သည် ဂျပန်ရိုးရာ ခေါက်ဆွဲ (၄)မျိုးအထိ ပြုလုပ် ပေးနိုင်သည်။ စက်ရုပ်စားဖိုမှူးများ၏ လက်ရာသည် အခြားစာဖိုမှူးများချက်ပြုတ်သည့် လက်ရာ အတိုင်းအရသာရှိကြောင်း လာရောက်စားသုံးသူများမှလည်း မှတ်ချက်ပြုခဲ့သည်။ သို့ရာတွင် စက်ရုပ်များ ဖန်တီးသည့် ခေါက်ဆွဲတစ်ပန်းကန် ၏ တန်ဖိုးသည် အခြားစားသောက်ဆိုင်မှ ခေါက်ဆွဲ တန်ဖိုးထက် (၁ဝ) ဒေါ်လာခန့် ဈေးပိုပေးရကြောင်းသိရသည်။ (Xinhua)