Connect with us

Videos

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်း ဖြစ် သံလိုက် ရထား လမ်း စတင် စမ်းသပ်မောင်းနှင်

ချန်ရှ၊ဒီဇင်ဘာလ ၂၈ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ ပြည်တွင်းမှ ပထမဆုံး ဒီဇိုင်း ရေးဆွဲ ထုတ်လုပ်လိုက်သည့် ဟူနန် ပြည်နယ်၊ ချန်ရှမြို့ ရှိ သံလိုက်ရထားလမ်း ပေါ်၌ ဒီဇင်ဘာလ ၂၆ရက်နေ့က စမ်းသပ်မောင်းနှင်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သံလိုက်ရထားလမ်း သည် ချန်ရှမြို့တောင်ပိုင်း ဘူတာရုံ နှင့် လေဆိပ် တို့ ကြား၌ မှတ်တိုင် တစ်ခု သာ ထား၍ ပြေးဆွဲထားပြီး ၁၈.၅၅ ကီလိုမီတာ အကွာအဝေးရှိသည့် ခရီးအား ၁၀မိနစ်ခန့်ဖြင့် ရောက်ရှိနိုင်ကြောင်း Hunan Maglev Transport company ၏ ပြောကြားချက်အရ သိရသည်။
ဟူနန် ပြည်နယ် ကျူးကျိုး ရှိ ရထားထုတ်လုပ်ရေး CRRC မှ ပုံစံရေးဆွဲ ထုတ်လုပ်ထားသည့် “Zhuifengzhe” ရထားများကို သံလိုက်ရထားလမ်းပေါ် ၌ ပြေးဆွဲသွားမည်ဖြစ်ပြီး အဆိုပါ ရထားများသည် ၄၈ မီတာ ရှည်လျား ကာ အတွဲသုံးတွဲဖြင့် လူပေါင်း ၃၆၃ ဦးကို တင်ဆောင် နိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းရထားများ သည် တစ်နာရီလျှင် အမြင့်ဆုံးမောင်းနှင်နိုင်သည့် အမြန်နှုန်း မှာ ၁၀၀ကီလိုမီတာ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.