Videos
တရုတ်နိုင်ငံတွင် ရေကြီးရေလျှံမှုများကြားမှ ဒေသခံများကို မီးသတ်သမားများက ရဲဝံ့စွန့်စားစွာ ကယ်တင်ပေး
ဟူပေ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ကျန်ရှီးခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံအချို့မှာ နေအိမ်များပေါ်၌ ပိတ်မိနေခဲ့သည်။ အပြင်ထွက်မရဘဲ နေအိမ်များ၌ ပိတ်မိနေသူများအား မီးသတ်သမားများက မြေကော်စက်တစ်ခုအား အသက်ကယ်လှေအဖြစ် အသုံးပြုကာ ကယ်တင်ပေးခဲ့သည်။ စုစုပေါင်း ဒေသခံ ၆၇ ဦးကို ကယ်ဆယ်ခဲ့ပြီး ၉၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
မီးသတ်သမားများက ရဲဝံ့စွန့်စားစွာ ကယ်ဆယ်ပေးနေသည်ကို အောက်ပါဗီဒီယိုတွင် တွေ့မြင်နိုင်ပါသည်။ (Xinhua)