Connect with us

Videos

တရုတ်နိုင်ငံတွင် ရွှေတွင်း၌ ပိတ်မိနေကြသူများထံ အထောက်အပံ့များပို့ဆောင်ပြီးနောက် အခြေအနေ တိုးတက်ကောင်းမွန်လျက်ရှိ

ကျိနန် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)  ဘာသာပြန်နှင့်ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ ရွှေတွင်းတစ်ခုထဲတွင် ပိတ်မိနေကြသည့် မိုင်းလုပ်သား ၁၁ ဦး ထံ အစာအာဟာရ အထောက်အပံ့များပို့ဆောင်ခဲ့ပြီးနောက် ၎င်းတို့၏ လက်ရှိအခြေအနေမှာ တိုးတက်လာပြီဖြစ်ကြောင်း ကယ်ဆယ်ရေးသမားများထံမှသိရသည်။

အလုပ်သမားတစ်ဦး၏ ဦးခေါင်းဒဏ်ရာကို ပတ်တီးစည်းပေးထားပြီး

အားအလွန်နည်းနေသည့် လုပ်သားနှစ်ဦးမှာလည်း လမ်းလျှောက်နိုင်ပြီဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် ဆေးကုသရေး အဖွဲ့ဝင်တစ်ဦးဖြစ်သည့် Song Xicheng က ဆိုသည်။

ဆန်ပြုတ်၊ အပူချိန်တိုင်းကိရိယာ နှင့် စောင်များအပြင် စတုတ္ထအကြိမ်မြောက် အာဟာရ ပို့ဆောင်ရေးကို ပြီးခဲ့သည့် အင်္ဂါ‌နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ပြီဖြစ်ပြီး မိုင်းလုပ်သားများ အတွက် စိတ်ခွန်အားဖြစ်စေရန် ဆွေးနွေးတိုင်ပင်သူများကိုလည်း ထိုနေရာတွင် စီစဉ်ပေးထားကြောင်း သိရသည်။

Yantai မြို့ ရှိ Qixia တွင် ဇန်နဝါရီ ၁၀ ရက်က မိုင်းတွင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လုပ်သား ၂၂ ဦး မြေအောက်၌ ပိတ်မိခဲ့သည်။

ထိုအထဲတွင် လုပ်သား ၁၁ ဦးအား ဇန်နဝါရီ ၁၇ ရက်က တွေ့ရှိခဲ့သည်။ မြေအောက်တွင် ကြိုးဖုန်းတပ်ဆင်ပြီးနောက် ဇန်နဝါရီ ၁၈ ရက်တွင် အဆိုပါ လုပ်သားများနှင့်ကယ်ဆယ်ရေးသမားများအဆက်အသွယ်ရရှိခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏ ပြောကြားချက်အရ ရွှေတွင်း၏ အပိုင်း တစ်ပိုင်းတွင် လုပ်သား ၁၁ ဦး ပိတ်မိနေပြီး အခြားတစ်နေရာ တွင် တစ်ဦး ပိတ်မိနေကာ ကျန်သည့် လုပ်သား ၁၀ ဦးနှင့် အဆက်အသွယ်မရရှိသေးကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.