Connect with us

Videos

ဘရာဇီးနိုင်ငံက ပြည်လုံးကျွတ် COVID-19 ကာကွယ်ဆေးထိုးနှံမှုစတင်

ဘရာဇီးလီယာ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

ဘရာဇီးနိုင်ငံတွင် ပြည်လုံးကျွတ် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှုများကို ပြီးခဲ့သည့် တနင်္လာနေ့က ပြည်နယ်အသီးသီး ၌ တပြိုင်နက် စတင်ခဲ့ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီး Eduardo Pazuello က ဆိုသည်။

ပြည်လုံးကျွတ် ကာကွယ်ဆေးထိုးနှံရန် ကနဦး အစီအစဉ်မှာ ဗုဒ္ဓဟူးနေ့တွင် စတင်မည်ဖြစ်သော်လည်း ပြည်နယ် အုပ်ချုပ်ရေးမှူးများ၏ တောင်းဆိုချက်များကြောင့် ကာကွယ်ဆေးထိုးနှံမည့်ရက်ကို ရှေ့တိုးခဲ့ကြောင်း ဝန်ကြီးကဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ Sinovac ကုမ္ပဏီ နှင့် ဆောပိုလိုမြို့ရှိ Butantan institute တို့ပူးပေါင်းထုတ်လုပ်သည့် CoronaVac ကာကွယ်ဆေးအား တနင်္လာနေ့ နေ့လည်ပိုင်းတွင် ပြည်နယ်များအားလုံး လက်ခံရရှိခဲ့ပြီးဖြစ်သည်။ ရီယိုဒီဂျနေးရိုး ၏ ယာယီ အုပ်ချုပ်‌ရေးမှူး Claudio Castro က “ကျွန်တော်တို့မှာ တရုတ်နိုင်ငံနဲ့ စီးပွားရေးအရရော၊ အဖွဲ့အစည်းအရပါ အဓိက ပူး‌ပေါင်းဆောင်ရွက်မှုရှိပါတယ်။ ဒီကာကွယ်ဆေးဟာဆိုရင် ဘရာဇီးနိုင်ငံနှင့်တရုတ်နိုင်ငံကြားအကြီးဆုံး ပူးပေါင်းမှုဆောင်ရွက်မှုတစ်ခုလည်းဖြစ်ပါတယ်” ဟုဆိုသည်။

ဘရာဇီးနိုင်ငံသည် ကာကွယ်‌ဆေး ၆ သန်းအားပြည်သူများထံ ဖြန့်ဖြူးပေးခဲ့ပြီး ထိုအထဲတွင် ဖက်ဒရယ် အစိုးရက ၄.၆ သန်းအား ဖြန့်ဖြူးပေးခဲ့ကာ ဆောပိုလို ပြည်နယ်အစိုးရက ၁.၃ သန်း အား ဖြန့်ဖြူးပေးခဲ့သည်။

ဘရာဇီးကျန်းမာရေးစောင့်ရှောက်မှုအေဂျင်စီ (Anvisa) က  ပြီးခဲ့သည့် တနင်္ဂနွေနေ့က CoronaVac ကာကွယ်ဆေး နှင့်အတူ AstraZeneca နှင့် အောက်စ်ဖို့ထ် တက္ကသိုလ်က ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး တို့အား အရေးပေါ်သုံးစွဲခွင့်ပြုခဲ့သည်။

Anvisa ၏ ခွင့်ပြုချက်ရရှိပြီး မကြာမီ ဘရာဇီးနိုင်ငံ၏ COVID-19 အဖြစ်အများဆုံးဗဟိုချက်ဖြစ်သည့် ဆောပိုလိုမြို့တွင် အစိုးရက CoronaVac ကာကွယ်ဆေးကို ပထမဆုံး ထိုးနှံပေးခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.