Videos
တရုတ်နိုင်ငံတွင် လျှပ်စစ်ဓါတ်အားခွဲရုံများကို စစ်ဆေးရန် စမတ်နည်းပညာသုံး စက်ရုပ်ကို အသုံးပြု
ဟူပေ၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူပေပြည်နယ် Xianning မြို့တွင် လျှပ်စစ်ဓါတ်အားခွဲရုံများကို စစ်ဆေးရန် စမတ်နည်းပညာသုံး စက်ရုပ်ကိုအသုံးပြုလျက်ရှိသည်။ Xianning ဒေသတွင် အပူချိန်မြင့်သထက်မြင့်မားလာလျက်ရှိရာ လျှပ်စစ်ဓါတ်အားပေးလိုင်းဆွဲအားများ၌ လျှပ်စစ်ဓါတ်အားကီလိုဝပ်ပေါင်း ၁.၅၈သန်းခန့် စံချိန်တင် မြင့်တက်လာခဲ့သည်။ ထိုသို့နွေရာသီ လျှပ်စစ်ဓါတ်အားသုံးစွဲမှုအများဆုံးအချိန်တွင် ဓါတ်အားခွဲရုံများကိုစစ်ဆေးရန် စက်ရုပ်ကိုအသုံးပြုခြင်းဖြစ်သည်။ စက်ရုပ်မှာ လူသားများထက် ပိုမို စစ်ဆေးနိုင်စွမ်းရှိပြီး မြင့်မားသည့်အပူချိန်အောက်တွင် အချိန် ၆ နာရီကြာအထိ ဆက်တိုက် လုပ်ဆောင်နိုင်စွမ်းရှိကြောင်းသိရသည်။ (Xinhua)