Videos
တရုတ်နိုင်ငံတွင် အချိန် ၁၀ စက္ကန့်အတွင်း တံတားတစ်စင်းအား အဝေးထိန်းစနစ်ဖြင့်ဖြိုချခဲ့
ဟူနန်၊ ဒီဇင်ဘာ ၂၈ရက် (ဆင်ဟွာ) ဘာသာပြန် /စုဝင့်
တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ Lujiadu တံတားအား အချိန် ၁၀ စက္ကန့်ဖြင့် အဝေးမှ ထိန်းချုပ်ကာ ဖျက်ဆီးနိုင်ခဲ့သည်။ ယင်းတံတားသည် အရှည် ၂၄၉.၂၄ မီတာ ရှိပြီး ၉.၈၄ မီတာအကျယ်ရှိသည်။ တံတားအား မကြာခဏပြင်ဆင်ခဲ့ရပြီးနောက် ကြံ့ခိုင်မှုမရှိတော့သဖြင့် ယခုကဲ့သို့ ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ ထိုတံတား နေရာတွင် အစားထိုး အသုံးပြုရန် တံတားအသစ် တစ်စင်းကိုလည်း တည်ဆောက်ထားပြီးဖြစ်ကြောင်းသိရသည်။ (Xinhua)