Connect with us

Videos

ရေဆိုးမြောင်းအတွင်းပိတ်မိနေသူများအားအချိန်မီကယ်ဆယ်

 ဟဲနန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဘာသာပြန်/စုဝင့်

တရုတ်နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ် ခိုင်ဖုန်းမြို့တွင် ‌‌ရေဆိုးမြောင်းအတွင်းပိတ်မိနေသော လုပ်သားနှစ်ဦးအား မီးသတ်ဝန်ထမ်းများက ကယ်ဆယ်ခဲ့ကြောင်းသိရသည်။‌အဆိုပါ လုပ်သားများသည် ၃ မီတာအနက်ရှိသည့် ရေဆိုးမြောင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်နေစဉ် အောက်ဆီဂျင်ပြတ်လတ်ပြီးသတိမေ့မြောသွားခဲ့သည်။

အချင်းဖြစ်ရာသို့ မီးသတ်ဝန်ထမ်းများရောက်ရှိခဲ့ပြီး ရေဆိုးမြောင်းအတွင်း အောက်ဆီဂျင် ရရှိစေရန် လုပ်ဆောင်ပေးခဲ့ပြီးနောက် သတိလစ်မေ့မြောနေသည့် လုပ်သားနှစ်ဦးထံသို့ဆင်းသက်ကယ်ဆယ်ခဲ့သည်။ အဆိုပါ လုပ်သားနှစ်ဦးအား ဆေးရုံသို့ အချိန်မီပို့ဆောင်ပေးနိုင်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.