Connect with us

Videos

တရုတ်နိုင်ငံတွင် အဆိပ်ပြင်းငါးပူးတင်းများကို စားသုံးသူများပြားလာ

ဖူကျင့်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
ငါးပူတင်းများသည် ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံးငါးများဖြစ်သော်လည်း အရသာကောင်းမွန်ပြီး အာဟာရဓါတ် များပါဝင်သည်။ ထို ငါးများ ၏ အသည်း၊ သားဥအိမ်၊ အဆီနှင့်အသွေး တို့ကို ကျွမ်းကျင်စွာ ကိုင်တွယ်ချက်ပြုတ်နိုင်ခြင်းမရှိပါက စားသောက်အပြီး မိနစ် ၃ဝ အကြာတွင် သေဆုံးသွားနိုင်လောက် အောင်ပြင်းထန်သည့် အဆိပ်များရှိသည်။
သို့ရာတွင် ထိုသို့သောအဆိပ်ပြင်းငါးပူတင်းများကို နှစ်စဉ် တန်ချိန်ပေါင်း ၆ဝဝဝ ကျော် ချက်ပြုတ်စားသောက် သူများမှာ တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျင့်ပြည်နယ်သားများဖြစ်သည်။ ငါးပူတင်းများကို ချက်ပြုတ်ရန်အတွက် လူတိုင်းအားခွင့်ပြုထားခြင်းမျိုးမရှိဘဲ စားဖိုမှူးမှာကျွမ်းကျင်စွာလေ့ကျင့်ထားရမည်ဖြစ်ပြီး ချက်ပြုတ်ခွင့်လိုင်စင် ကိုင်ဆောင် ထားသူဖြစ်ရမည်။
ငါးပူတင်းများမှာ ကိုလာဂျင်မြင့်မားစွာပါဝင်ပြီးအသားအရေ ၏ အစိုဓါတ်ကို ထိန်းသိမ်းပေးသည့်အပြင် အစာအိမ်ကိုလည်းကောင်းစွာသန်စွမ်းစေသည်။ အမျိုးသမီးများနှင့် အစာအိမ်ရောဂါဝေဒနာသည်များအတွက် အထူးသင့်တော်သည်။ တရုတ်နိုင်ငံတွင် ငါးပူတင်းကို ငါးပူတင်းဆာရှိမီ၊ ငါးပူတင်းပေါင်း၊ ငါးပူတင်းနှပ်နှင့် ငါးပူတင်းဟင်းရည် စသဖြင့် အမျိုးမျိုးချက်ပြုတ်စားသောက်လျက်ရှိကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.