Videos
တရုတ်နိုင်ငံထုတ် ဆိုလာစွမ်းအင်သုံး မောင်းသူမဲ့လေယာဉ် ပထမဆုံးအကြိမ်အောင်မြင်စွာပျံသန်း
ရှန်ဟိုင်း၊ သြဂုတ်၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှန်ဟိုင်းအခြေစိုက် OXAI Aircraft ကုမ္ပဏီလီမိတက်က ထုတ်လုပ်သော ဆိုလာစွမ်းအင်သုံး မောင်းသူမဲ့လေယာဉ် “MOZI 2” အား ကျဲ့ကျန်းပြည်နယ် အရှေ့ပိုင်း တယ်ချင်းစီရင်စု ရှိ လေဆိပ်တွင် ဇူလိုင်လ ၂၇ ရက်ကပထမဆုံးအကြိမ် အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ လေယာဉ်အား တောင်ပံအလျား ၁၅ မီတာဖြင့် ဒီဇိုင်းရေးဆွဲထားပြီး ဆိုလာစွမ်းအင်အသုံးပြုထားကြောင်း၊ ယင်းလေယာဉ်မှာ အမြင့်ပေ ၈,၀၀၀ မီတာအထိ ပျံသန်းနိုင်ကြောင်း၊ နေရောင်ခြည်စွမ်းအင်ဖြင့် ၈ နာရီအားသွင်းပြီးနောက် ပုံမှန်အားဖြင့် ၁၂ နာရီအထိ ပျံသန်းနိုင်ကြောင်း သိရ သည်။
ထိုလေယာဉ်အား သဘာဝဘေးကာကွယ်ရေး၊ ကင်းထောက်လုပ်ငန်း နှင့် ဆက်သွယ်ရေးကဏ္ဍများတွင် အသုံးပြုဖွယ်ရှိကြောင်း သိရသည်။ (Xinhua)