Connect with us

Videos

မြန်မာနိုင်ငံအတွင်း ကျားများ ကျင်လည်ကျက်စားနေသည့် နယ်မြေ၏ ရှစ်ရာခိုင်နှုန်း အတွင်း အနည်းဆုံး ကျား ၂၂ ကောင် ရှင်သန် ကျက်စားနေဟုဆို

ရန်ုကုန် ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်း ကျားများ ကျင်လည်ကျက်စားနေသည့် နယ်မြေ ရှစ်ရာခိုင်နှုန်းခန့်အတွင်း ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်း တပ်ဆင်ခဲ့သည့် ကင်မရာထောင်ချောက်များမှ ရရှိသည့် ကျားမှတ်တမ်းဓာတ်ပုံများကို တစ်ကောင်ချင်း စိစစ် ခွဲခြားရာ အနည်းဆုံး ကျား ၂၂ ကောင် ရှင်သန်ကျက်စား နေကြောင်း သစ်တော ဦးစီး ဌာနမှ ဇူလိုင် ၂၉ ရက်တွင် ကျရောက်သော ကမ္ဘာ့ကျားများနေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း ကျားများကျင်လည် ကျက်စားနေသည့် နယ်မြေသည် နိုင်ငံ ဧရိယာ၏ ခုနစ်ရာခိုင်နှုန်းခန့် ဧက အားဖြင့် ၁၂ သန်းကျော် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကျင်လည် ကျက်စားနေဆဲ ကျားများကို တန်ဖိုးထား ထိန်းသိမ်းရေးအတွက် ရည်ရွယ်၍ မြန်မာ အနုပညာရှင်များကလည်း အနုပညာ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်သွားရန် စီစဉ် လျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.