Connect with us

Videos

တရုတ်နိုင်ငံနှင့်ပူးပေါင်းထုတ်လုပ်သည့်  အားသွင်းမောင်းနှင်ရသည့် လျှပ်စစ်ဘတ်စ်ကားများ ကာဇက်စတန်တွင် ပြေးဆွဲလျှက်ရှိ

နာလ်ဆူတန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ကာဇက်စတန်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများ ပူးပေါင်းထုတ်လုပ်သည့် အားသွင်းမောင်းနှင်ရသော လျှပ်စစ်ဘတ်စ်ကားအစင်း ၆၀ ကို ကာဇက်စတန်နိုင်ငံ၏ မြို့တော် နာလ်ဆူတန်တွင် စတင် ပြေးဆွဲနေပြီဖြစ်သည်။ ၎င်းဘတ်စ်ကားများသည်  ၁၂ မီတာရှည်လျား ပြီး တစ်စင်းလျှင် ခရီးသည်ထိုင်ခုံ ၃၀ စီပါဝင်သည်။ လျှပ်စစ်ဓါတ်အားတစ်ကြိမ် အားအပြည့်သွင်းပြီး လျှင်  ၃၅၀ ကီလိုမီတာအထိခရီးပေါက်သည်။ ၎င်းကားများကို တရုတ်နိုင်ငံ ၏ ဘတ်စ်ကားထုတ်လုပ်ရေးလုပ်ငန်း Yutong နှင့် ကာဇက်စတန်အခြေစိုက် မော်တော်ယာဉ် ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းတို့ ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်သည်။ နာလ်ဆူတန်မြို့အစိုးရက လွန်ခဲ့သည့်နှစ် အောက်တိုဘာလ တွင် Yutong ကုမ္ပဏီထံမှ လျှပ်စစ်ဘတ်စ်ကားအစင်း ၁၀၀ ကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ကျန်ရှိသည့် လျှပ်စစ်ဘတ်စ်ကား အစင်း ၄၀ ကိုလည်း နောက်လအတွင်းနာလ်ဆူတန်မြို့ တွင် အသုံးပြုနိုင်တော့မည်ဖြစ်သည်။ နာလ်ဆူတန် ဒေသရှိ အေးစက်သောဆောင်းရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေရန် ဘတ်စ်ကားများကို ထုတ်လုပ်ထားပြီးအပူချိန် အနုတ် ၃၈ ဒီဂရီ ဆဲလ်စီးယပ်တွင် မောင်းနှင်နိုင်မှုရှိမရှိ အောင်မြင်စွာစမ်းသပ်ခဲ့ပြီးဖြစ်သည်။ ဘတ်စ်ကားများတွင် ယာဉ်စီးခ ပေးချေသည့် အီလက်ထရောနစ်စနစ်များကိုလည်းတပ်ဆင်ပေးထားပြီး ဗီဒီယိုမှတ်တမ်းတင်စနစ်၊ အလိုအလျောက် စွမ်းအင် ထိန်းသိမ်းရေးစနစ်များအပြင် USB ကြိုးပေါက်များကိုပါ ထည့်သွင်းထားသည်။ ကာဇက်စတန်နိုင်ငံသည် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လေထုညစ်ညမ်းမှုကိုလျှော့ချနိုင်မည့် အစိမ်းရောင် သဘာဝပတ်ဝန်းကျင်စနစ်ကို ဦးတည်ဆောင်ရွက်လျှက်ရှိရာ လျှပ်စစ်ကားများက ၎င်းလိုအပ်ချက်ကဏ္ဍကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.