Connect with us

Videos

တရုတ်နိုင်ငံမှ မိခင်တစ်ဦးမှ သမီးအတွက် ကာတွန်းပုံမနက်စာအမျိုးအစားပေါင်း (၂ဝဝ)ကျော်ဖန်တီး

ချုံကျင်း၊ ဖေဖော်ဝါရီလ ၁၇ ရက် (ဆင်ဟွာ)

အခုမြင်တွေ့ရသော ကာတွန်းဇာတ်ကောင်ပုံများနှင့်ဖန်တီးထားသည့် မနက်စာများကို သူမ၏ ချစ်လှစွာသော သမီးကလေးရှောင်းရှုံအတွက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းချုံကျင်းမြူနီစပယ်ဒေသရှိ မိခင် တစ်ဦးမှ ဖန်တီးပြင်ဆင်ပေးခြင်းဖြစ်သည်။ ၂ဝ၁၅ ခုနှစ်ကတည်းကစပြီး သမီးအတွက် နတ်သမီးပုံပြင်ဇာတ်လိုက်များ၊ ကာတွန်းဇာတ်ကောင်ပုံများ ဖြင့်ဖန်တီးခဲ့သည့် မနက်စာ ၂ဝဝ ကာတွန်းရုပ် အမျိုးအစားပေါင်း ၂၂ဝလောက်ရှိပြီဖြစ်ကြောင်း မိခင်ဖြစ်သူကဝမ်ကျင်း က ဆိုသည်။ သူမ သည် ၂ဝ၁၅ ခုနှစ်ကတည်းက အလုပ်မှ ထွက်ခဲ့ပြီး သမီးဖြစ်သူကို ထိုသို့ပြင်ဆင် ကာ ဂရုတစိုက် ချက်ပြုတ်ကျွေးမွေး ပေးခြင်းဖြစ်သည်။အစာစားချင်စိတ် မရှိသော သမီးငယ် အတွက် ထိုသို့ ကာတွန်းပုံများဖြင့် ပြင်ဆင်ပေးရန် အကြံဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ကာတွန်းပုံများကို စတင်ဖန်တီးစဉ်က ရုပ်လုံးပေါ်ရန် အခက်အခဲများစွာ ရှိခဲ့ပေမယ့်အကြိမ်ကြိမ်ပြန်လည်ပြုလုပ်ခြင်းကြောင့် နောက်ဆုံးတွင်အဆင်ပြေ သွားခဲ့ကြောင်း မိခင်ကပြောသည်။ ရှောင်းရှုံလေးက ခရစ်စမတ်နေ့တွင် ပြင်ဆင်ပေးထားသော နှင်းလူသား ပုံဖော် မနက်စာကို အလွန်ကြိုက်နှစ်သက်ကြောင်း၊ ကာတွန်း ပုံဖော်ထားသောမနက်စာများအတွက် အလွန်ပျော်ရွှင်မိကြောင်း၊ အမေ က သူ့အပေါ်အလွန်ချစ်သည်ကို သိရှိပြီး ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.