Connect with us

Videos

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဆေးအာနိသင်ကောင်းမွန်သည့် ဘီပိုး ကာကွယ်ဆေးများအား လှူဒါန်း

ရန်ကုန် ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံအတွက် လှူဒါန်း ပေးပို့သည့် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့အောက်တိုဘာ ၃၁ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံရှိ ကလေးငယ်များ၏ ကျန်းမာရေး ဆိုင်ရာ ကူညီထောက်ပံ့မှုများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် ဘက်စုံ ကျန်းမာရေး ပူးပေါင်း ဆောင်ရွက်မှုများ ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ပြည်သူလူထု၏ အနာဂတ် ကျန်းမာရေး အခြေအနေ ပိုမို ကောင်းမွန်သည့် အနာဂတ် ရရှိစေမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက မြန်မာနိုင်ငံမှ ကလေးများ ကောင်းမွန်သော ဘဝကို ရရှိစေရန် ကာကွယ်ဆေးထိုး လုပ်ငန်းဖြင့် ဆောင်ရွက်နိုင်ကြောင်း ၊ နိုင်ငံ အနာဂတ်သည် ကလေးများ ကြံခိုင် ကျန်းမာ၍ ဉာဏ်ရည် မြင့်မားရေး ဖြစ်ကြောင်း ၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ကလေးများ အတွက် ကာကွယ်ဆေး လှုဒါန်းသည့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံအား လှိုက်လှဲစွာ ကျေးဇူး တင်ရှိကြောင်း အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေး တိုးတက်လာစေရန် နှင့် ကူးစက်ရောဂါများကို ကြိုတင် ကာကွယ်ရေး လုပ်ဆောင်နိုင်ရန် တရုတ်နိုင်ငံ အစိုးရမှ ကန်ဒေါ်လာ ၅ သန်းကျော်(ယွမ် ၃၅,၅၀၀,၀၀၀) တန်ဖိုးရှိ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးများအား ၂ ကြိမ်ခွဲ၍ လှူဒါန်းသွားရန် ကတိပြုခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ကလေးငယ် ဦးရေ ၃.၃ သန်းအတွက် ကာကွယ်ဆေးများအား ပေးပို့လှူဒါန်းခဲ့ပြီး ဒုတိယ အကြိမ်အဖြစ် ကလေးငယ် ဦးရေ ၃.၅ သန်းအတွက် ကာကွယ်ဆေးများအား၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်မြို့သို့ရောက်ရှိခဲ့ကြောင်း သိရသည်။

ယခုအကြိမ် ကူညီ ထောက်ပံ့ခဲ့သည့် ဘီပိုး ကာကွယ်ဆေးများသည် ကမ္ဘာပေါ်ရှိ အင်အား အကြီးဆုံး လုပ်ငန်း ၅၀၀ စာရင်းတွင် ပါဝင်သည့် တရုတ်နိုင်ငံ၏ SINPHARM Group.Co.Ltd လက်အောက်ရှိ တရုတ် နိုင်ငံ ပြည်ပ ဆေးဝါး ကုန်သွယ်ရေး ကုမ္ပဏီ မှ လှူဒါန်းခြင်း ဖြစ်ပြီး ပေကျင်း ထျန်းထန် ဇီ၀ ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက်မှ ထုတ်လုပ်သည့် ကာကွယ်ဆေးများ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.