Connect with us

Videos

တရုတ်နိုင်ငံ က သစ်တောစိုက်ခင်းဆောင်ရွက်သည့် အတွေ့အကြုံများကို မြန်မာနိုင်ငံအားမျှဝေမည်

ရန်ကုန် ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် က အောက်တိုဘာလ ၃ဝ ရက်နေ့ တွင် ကျင်းပသည့် “တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တော” စီမံကိန်း စတင်ခြင်း အခမ်းအနားတွင် တရုတ်နိုင်ငံ အနေဖြင့် သစ်တော စိုက်ခင်း ဆောင်ရွက်ခြင်း လုပ်ငန်း များတွင် ရရှိခဲ့သည့် အတွေ့အကြုံများကို မြန်မာ နိုင်ငံအားမျှဝေကာ သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု များတွင် ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း ၊ တရုတ် သံရုံး အနေဖြင့် စီမံကိန်း ကနဦး မတည်ငွေ အဖြစ် ငွေကျပ် သိန်း ၅၀၀၀ ကိုကူညီထောက်ပံ့သွားမည် ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် စိုက်ပျိုးမြေ ဧက ၁၂၀ တွင် သစ်ပင် ၄၂၀၀၀ ကို ပြီးစီးအောင် စိုက်ပျိုးသွား မည်ဖြစ်ကြောင်း ၊ “တရုတ်-မြန်မာ ချစ်ကြည်ရေး ဂေဟစနစ် ရန်ပုံငွေ” တစ်ရပ် တည်ထောင်သွားမည် ဖြစ်ပြီး အသင်းအဖွဲ့များ နှင့် လုပ်ငန်းရှင်များမှ ပါဝင်ရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတက်ရောက်လာသည့် ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း ကလည်း မြန်မာ နှင့် တရုတ် သစ်တော ဌာန တို့အကြား နားလည်မှု စာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးပြီး သစ်တော သယံဇာတ တရားမဝင် ထုတ်လုပ်မှုများအား ထိရောက်စွာ ကာကွယ်ရေး ကို ဆောင်ရွက်လျက်ရှိကြောင်း ၊ သစ်တော ဦးစီးဌာန မှ ၂၀၁၇ ခုနှစ်မှ ၂၀၂၆ ခုနှစ် အထိ (၁၀) နှစ် စီမံချက်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့် “မြန်မာ နိုင်ငံ သစ်တောများ ပြန်လည် တည်ထောင် ရေး စီမံကိန်း” အား တရုတ်နိုင်ငံက တစ်ဖက်တစ်လမ်း မှ ကူညီပံ့ပိုးမှု များ ဆောင်ရွက် ပေးခဲ့သည့် အတွက် ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။

“တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တော” စီမံကိန်း စတင်ခြင်း အခမ်းအနား ကို အောက်တိုဘာလ ၃ဝ ရက်နေ့ ရန်ကုန် မြို့ရှိ သဘာဝ သမိုင်းပြတိုက်ခန်းမ ၊ ရန်ကုန် တိရစ္ဆာန်ဥယျာဉ် ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး အခမ်းအနား သို့ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း နှင့် ဌာန ဆိုင်ရာ အကြီးအကဲ များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် သံရုံး တာဝန်ရှိသူ များ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းအဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စု ဝန်ကြီး နှင့် သံအမတ်ကြီး တို့မှ “တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တော” စီမံကိန်း အား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး အမှတ်တရ သစ်ပင် များ စိုက်ပျိုး ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.