Videos
တရုတ်နိုင်ငံရွှေလီမြို့မှ မြန်မာနိုင်ငံ မူဆယ်မြို့အထိ မာရသွန်ပြေးကြသူများ
ကူမင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည် ရွှေလီမြို့မှ မြန်မာနိုင်ငံ မူဆယ်မြို့အထိ မာရသွန်ပြေးပွဲကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က စတင်ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် တရုတ်၊ မြန်မာ၊ စင်ကာပူ၊ ဂျာမနီနိုင်ငံအပါအဝင် နိုင်ငံတကာမှ ပြိုင်ပွဲဝင်ဦးရေပေါင်း ၉ ထောင်ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
နှစ်နိုင်ငံနယ်စပ်မြို့များသို့ချိတ်ဆက်ကာ မာရသွန်ပြေးရသည့် ပြိုင်ပွဲတွင် ခရီးအကွာအဝေးမှာ ၆.၅ ကီလိုမီတာ ရှိပြီး ပြိုင်ပွဲတွင် မာရသွန်၊ မာရသွန်တာလတ်၊ တာတိုအပျော်တမ်းအပြေးပွဲ၊ မိဘများနှင့်ကလေးများအတွက်ပြိုင်ပွဲများစသဖြင့် အပိုင်း ၄ ပိုင်းခွဲကာ ကျင်းပခဲ့ကြောင်း ပွဲကျင်းပရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ပြိုင်ပွဲကို ပြီးဆုံးအောင် ယှဉ်ပြိုင်ကြသူများအတွက် သစ်သားဖြင့်ပြုလုပ်ထားသည့် ဆုတံဆိပ်များကို ချီးမြှင့်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အပြေးသမားများကို အထူးပြုလုပ်ထားသည့်ပေါက်ဖော်ချစ်ကြည်ရေးဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်းကော်မတီကဆိုသည်။ ယခုနှစ် ပြိုင်ပွဲမှာ ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ အကြား အရေးပါသည့် ယဉ်ကျေးမှုနှင့် အားကစားကဏ္ဍတို့တွင် အပြန်အလှန်ဖလှယ်ရေး အစီအစဉ်တစ်ရပ်အဖြစ်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)