Connect with us

Videos

ဘရာဇီးနိုင်ငံသမ္မတသစ် ကျမ်းသစ္စာကျိန်ဆို

ဘရာဇီးလီးယား၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် ရွေးကောက်တင်မြောက်ခံ သမ္မတသစ် ဂျေအာ ဘိုဆိုနာရို (Jair Bolsonaro) သည် ဇန်နဝါရီလ ၁ရက်နေ့တွင် ဘရာဇီးနိုင်ငံ မြို့တော် ဘရာဇီးလီးယားရှိ အမျိုးသားကွန်ဂရက် အဆောက်အဦတွင် ဒေသစံတော်ချိန် ၃နာရီ ၁ဝမိနစ်အချိန်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဘိုဆိုနာရိုသည် ဘရားဇီးတပ်မတော်ဗိုလ်ကြီးအဖြစ်မှ နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့သူဖြစ်ပြီး conservative Social Liberal ပါတီအဖွဲ့ဝင်ဖြစ်သည်။

ဘိုဆိုနာရိုသည် အောက်တိုဘာလ ၅ ရက်နေ့တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲရာခိုင်နှုန်း ၅၅ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည်။

ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ဘိုဆိုနာရိုက ဘရာဇီးနိုင်ငံ လူမှုအသိုင်းအဝိုင်းအကြား ပြန်လည်စည်းလုံးညီညွတ်မှု ရရှိစေရန် နှင့် တိုင်းပြည်ကို ပြန်လည်တည်ဆောက်မည့် အစိုးရ၏ အခန်းကဏ္ဍ ၃ ခုကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဟုဆိုသည်။

ဒုတိယသမ္မတဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဟမ်မီလ်တန် မော်ရိုအို Hamilton Mourao က ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားရန်နှင့် တရားဥပဒေအတိုင်းလိုက်နာကျင့်သုံးရန်၊ ပြည်သူများအားလုံး၏ အကျိုးစီးပွားဖြစ်ထွန်းအောင်ကြိုးပမ်းဆောင်ရွက်ရန်၊ စည်းလုံးညီညွတ်မှုကိုလေးစားရန်နှင့် ဘရာဇီးနိုင်ငံ၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် ကတိပေးပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.