Connect with us

Videos

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် ကာဂျစ်စတန်နိုင်ငံသို့ ရောက်ရှိ

ဘစ်ရှ်ခက်၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်သည် အာရှတိုက် အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်သော ဂာာဂျစ်စတန်နိုင်ငံ ဘစ်ရှ်ခက် (Bishkek ) မြို့သို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) ၏ ၁၅ ကြိမ်မြောက် ဝန်ကြီးချုပ်များဆွေးနွေးပွဲကို တက်ရောက်ရန်တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိခဲ့သည်။

ကာဂျစ်စတန်နိုင်ငံဝန်ကြီးချုပ် Sooronbay Jeenbekov က တရုတ်ဝန်ကြီးချုပ်လီခဲ့ချန်အား အခမ်းအနားဖြင့်ကြိုဆိုခဲ့သည်။ ထို့နောက် နိုဝင်ဘာလ ၂ ရက်နေ့တွင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် နှင့် ကာဂျစ်စတန်နိုင်ငံဝန်ကြီးချုပ် Sooronbay Jeenbekov တို့သည် တွေ့ဆုံဆွေးနွေးစဉ် တရုတ်-ကာဂျစ်စတန် နှစ်နိုင်ငံအကြား ဘက်ပေါင်းစုံတွင် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် လုပ်ဆောင်သွားကြရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ နှစ်နိုင်ငံဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့လည်းတက်ရောက်ခဲ့သည်။ တရုတ်ဝန်ကြီးချုပ်လီသည် ကာဂျစ်စတန်နိုင်ငံသမ္မတ နှင့်လည်းဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.