Connect with us

Videos

မောင်းသူမဲ့ယာဉ်ပျံငယ်များကို ပျံသန်းနေစဉ် အတွင်း အားပြန်သွင်းနိုင်တော့မည်

လန်ဒန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

လန်ဒန်ရှိသိပ္ပံပညာရှင်များက မောင်းသူမဲ့ယာဉ်ပျံငယ်များ ပျံသန်းနေစဉ်အတွင်း ကြိုးမဲ့စနစ်သုံးကာ အားသွင်းပေးနိုင်မည့် အလွန်အသုံးဝင်သောအဆင့်မြင့်နည်းပညာတစ်ရပ်ကို မိတ်ဆက်ခဲ့ပြီဖြစ်သည်။

အဆိုပါနည်းပညာသည် စမတ်ဖုန်းများ၊ အီလက်ထရောနစ်ပစ္စည်းများကို ကြိုးမဲ့အားသွင်းသည့်နည်း နှင့်ဆင်တူသည်။ ထိုနည်းပညာကိုအသုံးပြုရန်အတွက် ရင်ဆိုင်ရမည့်စိန်ခေါ်မှုများမှာလုံလောက်သော သံလိုက်စက်ကွင်းကိုဖန်တီးတည်ဆောက်ပေးနိုင်ခြင်း နှင့် စွမ်းအင်လက်ခံယူနိုင်စွမ်းရှိခြင်းတို့ဖြစ်ပြီး စမ်းသပ်ဆဲအဆင့်တွင်သာရှိသေးသည်။ မောင်းသူမဲ့ယာဉ်ပျံငယ်မှာ အားပြန်ဖြည့်ပေးနိုင်သည့် သံလိုက်စက်ကွင်းမှ ၁ဝ စင်တီမီတာမှ ၁၂ စင်တီမီတာအထက်တွင် သာပျံသန်းနိုင်မည်ဖြစ်သည်။

london ရှိ Imperial College က သုတေသီများက အဆိုပါနည်းပညာကို ဈေးကွက်တွင် ၁ နှစ်အတွင်းကျယ်ပြန့်စွာအသုံးပြုနိုင်တော့မည်ဟုမျှော်လင့်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.