Connect with us

Videos

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ်ရုရှားနိုင်ငံသို့ရောက်ရှိ

စိန့်ပီတာစ်ဘာ့ချ်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ တွင်ကျင်းပမည့် ၂၁ ကြိမ်မြောက် တရုတ်-ရုရှား ဝန်ကြီးချုပ်များပုံမှန်အစည်းအဝေးတက်ရောက်ရန် နှင့် မြောက်ပိုင်းအိမ်နီးချင်းနိုင်ငံများသို့ တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ် တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်သည် နိုဝင်ဘာလ ၆ ရက်နေ့က စိန့်ပီတာစ်ဘာ့ချ် မြို့သို့ရောက်ရှိခဲ့ကြောင်းသိရသည်။ဝန်ကြီးချုပ်လီအား ရုရှားနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများကလာရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ခရီးစဉ်အတွင်းဝန်ကြီးချုပ်လီသည် ရုရှားနိုင်ငံဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက် (Dmitry Medvedev) နှင့် တွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကိုဆွေးနွေးကြမည်ဖြစ်ပြီး ကုန်သွယ်ရေး၊ စွမ်းအင်၊ ယဉ်ကျေးမှုနှင့် အကောက်ခွန်ဆိုင်ရာများ ၊ ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှုများ ရရှိနိုင်ရန် မျှော်လင့်ထားကြသည်။ ဝန်ကြီးချုပ်လီက ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့်လည်း မော်စကိုတွင်တွေ့ဆုံသွားမည်ဟုသိရသည်။(Xihua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.