Connect with us

Videos

ပဉ္စမ အကြိမ်မြောက် မြန်မာ မီဒီယာ ဖွံ့ဖြိုးရေး ညီလာခံ ကျင်းပ

ရန်ကုန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

ဒီမိုကရေစီသစ် အတွက် အားလုံးပါဝင်သော လွတ်လပ်သည့် မီဒီယာ ခေါင်းစဉ်ဖြင့် ပဉ္စမ အကြိမ်မြောက် မြန်မာ မီဒီယာ ဖွံ့ဖြိုးရေး ညီလာခံအား နိုဝင်ဘာ ၇ ရက် နှင့် ၈ ရက်နေ့တို့တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ် လျက်ရှိသည်။

မြန်မာ မီဒီယာ ဖွံ့ဖြိုးရေး ညီလာခံတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ၊ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့မီဒီယာ ကွန်ဖရင့် ကို ကျင်းပခြင်းဖြစ်ကြောင်း၊ သတင်း မီဒီယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို ဆက်လက်ပြီးလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ မီဒီယာကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် ရှိကြောင်း ပြောကြားခဲ့သည်။

ပဉ္စမ အကြိမ်မြောက် မြန်မာ မီဒီယာ ဖွံ့ဖြိုးရေး ညီလာခံ ပထမနေ့တွင် မီဒီယာ ဥပဒေများ နှင့် ၎င်းတို့၏ လစ်ဟာနေသော နေရာများကို ပြန်လည် သုံးသပ်ခြင်း ၊ သတင်းသမားများ၏ လုံခြုံရေး နှင့် ပြစ်ဒဏ် ကင်းလွတ်ခွင့် ရနေသော ကျူးလွန်သူများ ၊ ကျား/မ ရေးရာ နှင့် မီဒီယာ ၊ လူမှု မီဒီယာ တို့အား ဆွေးနွေး သွားကြမည် ဖြစ်ကြောင်း သိရသည်။

ညီလာခံ ဒုတိယနေ့ဖြစ်သည့် နိုဝင်ဘာ ၈ ရက်တွင် သတင်း အချက်အလက် ရရှိပိုင်ခွင့် ၊ လွတ်လပ်သော မီဒီယာများ ဆက်လက် ရှင်သန် နိုင်မှု ၊ လူမှု အသိုင်းအဝိုင်း မီဒီယာများ၏ အသံများကို အားပေး အားမြှောက်ပြုခြင်း တို့ကို ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.