Connect with us

Videos

တရုတ်နိုင်ငံအနောက်မြောက်ဘက် ချင်းဟိုင်ပြည်နယ် ရှိ နှင်းကျားသစ်မကြီးက သူမ ၏ ကလေးငယ်များအား နို့တိုက်ကျွေးနေသည့် ရှားပါးမြင်ကွင်း

ယွီဆု၊ ဇွန် ၅ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ချင်းဟိုင်ပြည်နယ်၊ ယွီဆု တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင် နှင်းကျားသစ်ပေါက် နှစ်ကောင် နှင့် ၎င်းတို့ ၏ မိခင်အား ကင်မရာဖြင့်ရှားရှားပါးပါးမှတ်တမ်းတင်ရိုက်ကူးခဲ့သည်။ လွန်ခဲ့သော ၁၀ ရက်က မွေးဖွားခဲ့သည့် နှင်းကျားသစ်ပေါက်လေး နှစ်ကောင် သည် တစ်ကောင်နှင့်တစ်ကောင်တိုးဝှေ့ပူးကပ်၍  သူတို့ဘာသာလမ်းလျှောက်သင်နေပုံ နှင့် နှင်းကျားသစ်မိခင်မှ သူမ ၏ ကလေးငယ်များ ကို နို့တိုက်နေသည့် ပုံအားလည်း ရှားရှားပါးပါး မှတ်တမ်းတင်နိုင်ခဲ့သည်။

နှင်းကျားသစ်များကို တရုတ်နိုင်ငံတွင် (က)အဆင့် ဖြင့် ကာကွယ်ထိန်းသိမ်းလျက်ရှိပြီး သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း (IUCN) မှ မျိုးတုံးနိုင်သည့်တိရစ္ဆာန်များအဖြစ်သတ်မှတ်ထားသည်။ 

၎င်းတို့သည်အာရှအလယ်ပိုင်းနှင့်တောင်အာရှဒေသရှိဟိမဝန္တာတောင်တန်းများတွင်အမြင့် ၂,၅၀၀ မီတာ မှ ၄,၅၀၀ မီတာ အတွင်းတွင်အများဆုံး နေထိုင်ကြသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.