Videos
တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းမှာ မူလ အတိုင်း လမ်းကြောင်းမှန်သို့ပြန်လည်ရောက်ရှိ
ကွမ်တုံ၊ မတ် ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့ရှိ Zhujiang မြို့သစ်သည် ကွမ်ကျိုးမြို့၏ စီးပွားရေး လုပ်ငန်းပေါင်းစုံ ဗဟိုချက် နေရာတစ်ခုဖြစ်သည်။ ထိုဒေသတွင် ကုန်သွယ်ရေးအဆောက်အဦပေါင်း ၁၂၁ ခုရှိသည်။ ယခုအခါတွင် ဝန်ထမ်းပေါင်း၁၈၀,၀၀၀ ဦးစလုံးလုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက် လာခဲ့ပြီးလုပ်ငန်းများ အားလုံးပြန်လည်ဖွင့်လှစ်ပြီဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင်လတ်တလောပျံ့နှံ့နေသည့် COVID-19 ကို ကာကွယ်သည့်အနေဖြင့် ကွမ်ကျိုးနိုင်ငံတကာငွေကြေးစင်တာ၌အဆောက်အဦသို့ဝင်ရောက်လာသူတိုင်း၏ ခရီးသွားရာဇဝင်ကိုဖြည့်စွက်ပေးရသည့်အပြင် ဝင်ပေါက်တွင်တပ်ဆင်ထားသည့် ကိုယ်အပူချိန်တိုင်း သာမိုမီတာရှေ့တွင် မိမိတို့၏ ကိုယ်အပူချိန်ကိုတိုင်းတာရသည်။
လူထူထပ်မှုရှောင်ကြဉ်ရန် ဓါတ်လှေခါးထဲတွင် အများဆုံး လူ ၁၀ ဦးအထိသာစီးနင်းခွင့်ရှိသည်။ အများသုံး နေရာများတွင် တစ်နေ့လျှင်နှစ်ကြိမ် ပိုးသတ်ဆေးဖြန်းကြသည်။ထို့အပြင် အဆောက်အဦ ထဲတွင် စမတ်နည်းပညာသုံးလေထုတိုင်းတာရေးစက်ကြီးများကို အသုံးပြုကာ ပတ်ဝန်းကျင် လေထု အရည်အသွေးကိုစောင့်ကြည့်တိုင်းတာလျှက်ရှိသည်။အသုံးပြုပြီးသည့် မျက်နှာဖုံးများကိုစွန့်ပစ်ရန် သီးခြားအမှိုက်ပုံးများကိုလည်းထားရှိပြီး အမြဲ ပိုးသတ်ဆေးဖြန်းထားသည်။ သေဆုံးမှုမြင့်မားသည့် နိုဗယ်လ် ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်နိုင်ရန်သင်တို့အနေဖြင့် “သတိဆိုတာပိုတယ်ဟူ၍မရှိပါ” တရုတ်နိုင်ငံတစ်ဝန်း ကုမ္ပဏီများ တစ်ခုပြီးတစ်ခု ပြန်လည်ဖွင့်လှစ်ပြီးနောက် တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းမှာ မူလ အတိုင်းလမ်းကြောင်းမှန်သို့ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။ (Xinhua)