Connect with us

Videos

သမ္မတရှီကျင့်ဖိန်ဦးဆောင်သည့် ဗိုင်းရပ်စ်တိုက်ဖျက်ရေး အောင်မြင်မှုပန်းတိုင်သို့ရောက်ရှိ

ဝူဟန့်၊ မတ် ၁၂ ရက်  (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် မတ် ၁၀ ရက်တွင် ဝူဟန့်မြို့ရှိ COVID-19 ရောဂါ လက္ခဏာ ပြင်းထန်သည့် လူနာများကို ကုသရာ ဟောဆန်ဆန်းဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့သည်။ သမ္မတရှီက လူနာများကို ကြည့်ရှုပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်းများကိုအားပေးစကားပြောကြားခဲ့သည်။ ရှီက “တပ်မတော်ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများအပါအဝင် ဆေးဘက်ဆိုင်ရာမှ ဝန်ထမ်းများသည် ကပ်ရောဂါကြီးစတင်ပျံ့နှံ့သည့်အချိန်တွင် ဟူပေပြည်နယ် ဝူဟန့်မြို့သို့ ချက်ချင်းရောက်ရှိလာခဲ့ကြပြီး ရောဂါကုသရာတွင် အလွန်အရေးပါသည့် အကူအညီများပေးခဲ့ကြောင်း”ပြောကြားခဲ့သည်။ရှီက ကျန်းမာရေးဋ္ဌာနမှ တာဝန်ရှိသူများနှင့်လည်းတွေ့ဆုံခဲ့ပြီး ဟူပေနှင့် ဝူဟန့်တွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို အခြေခံကျကျ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများ သည်လည်း ကြီးကျယ်မြင့်မြတ်လှသည့် သူရဲကောင်းများပင်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။ 

သမ္မတရှီကျင့်ဖိန်သည် ဒေသခံပြည်သူများနှင့်လည်းသွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ဒေသခံပြည်သူများနှင့် ကပ်ရောဂါတိုက်ဖျက်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများကို  ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြားခဲ့သည်။ ရှီက ကပ်ရောဂါ ကာကွယ်ရေးနှင့် ကုသရေးတွင် ပြည်သူတစ်ရပ်လုံး၏ အရေးပါပုံကို ထည့်သွင်း ပြောကြား ခဲ့သည်။ ကပ်ရောဂါကြီးကို အောင်မြင်စွာ တိုက်ဖျက်နိုင်ရန် ပြည်သူများကိုသာအားကိုးအားထားပြုရမည် ဖြစ်ကြောင်း ရှီက အလေးအနက် ပြောကြားခဲ့သည်။ 

သမ္မတရှီက teleconference တစ်ခုတွင်  ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အရေးကြီးသည့်မိန့်ခွန်း ပြောကြားခဲ့ရာ သေဆုံးနှုန်းကို လျှော့ချရန်နှင့် ပျောက်ကင်းသက်သာမှု နှုန်းကိုမြှင့်တင်ရန် ဆေးဘက်ဆိုင်ရာကုသမှု ပြုလုပ်ရန်မှာ အဓိက ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး၊ ထပ်မံ တိုးချဲ့ ဆောင်ရွက်ရမည့် အရေးကြီးသည့် ကိစ္စမှာ သိပ္ပံနည်းကျ နှင့် သတ်မှတ်ထားသည့် ကုထုံးများသတ်မှတ်ချက်များအတိုင်းဆောင်ရွက်ကာ ဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် အလွန်အရေးကြီးကြောင်း၊ ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုကာကွယ်ရန်နှင့် အသစ် ဖြစ်ပွားမှု ရှိမရှိ ဆက်လက်စောင့်ကြည့်ရန် လည်း ထပ်မံလုပ်ဆောင်ရမည့် ကိစ္စများဖြစ်ကြောင်းအလေးအနက်ထားပြောကြားခဲ့သည်။ 

ရှီက ဗိုင်းရပ်စ်အပေါ်တုန့်ပြန်မှုသည် တရုတ်နိုင်ငံ၏ အုပ်ချုပ်မှု စွမ်းရည်နှင့် စနစ်တကျ ရှိမှုတို့အပေါ် စမ်းသပ်ခြင်းသာဖြစ်ကြောင်း ဆိုသည်။ရှီက ကွန်မြူနစ်ပါတီနှင့်  အဖွဲ့ဝင်များ တာဝန်ရှိသူများအနေ ဖြင့် ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး အတွက် ကောင်းမွန်သည့် လုပ်ငန်းစဉ်များကို လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်ရင်း လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ကြရန် အလေးအနက်ထားတိုက်တွန်းပြောကြားခဲ့သည်။ မိမိတို့ အားလုံးအနေဖြင့် ယခုကဲ့သို့ ကိုရိုနာဗိုင်းရပ်စ် နှင့်တိုက်ခိုက်ရသည့် တိုက်ပွဲတွင် ရင်ဆိုင်အနိုင်ရမည်ဟု ယုံကြည်ချက်ထားသင့်ကြောင်း သမ္မတရှီကျင့်ဖိန်ကဆိုသည်။ဝူဟန့်အတွက် အောင်ပွဲ ၊ ဟူပေအတွက်အောင်ပွဲနှင့် တရုတ်နိုင်ငံအတွက်အောင်ပွဲ ကို ဆောင်ကြဉ်းနိုင်မည်ဖြစ်ကြောင်းရှီကဆိုသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.