Connect with us

Videos

ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေချိန်တွင် ကျန်းမာရေးကောင်းမွန်အောင်မိမိတို့၏ နေအိမ်၌ စားသောက်နေထိုင် သင့်သည့် အစားအသောက်အမူအကျင့်များ

ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)

ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေချိန်တွင် ကျန်းမာရေးကောင်းမွန်စေရန်နှင့်ခန္ဓာကိုယ် ခုခံအားကောင်းမွန်စေရန် မိမိတို့၏ နေအိမ်၌  စားသောက်နေထိုင်သင့်သည့် အစားအသောက်အမူအကျင့်များ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အစားအသောက်ကို စုံလင်မျှတအောင်စားသုံးပါ။ အစေ့အဆန်များ၊ ပဲမျိုးစုံနှင့် အာလူး၊ ကန်စွန်းဥ စသည့် မြေကြီးမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက် ဥအမျိုးမျိုးကို စားသုံးပါရန်။

ဟင်းသီးဟင်းရွက်များ၊နို့ထွက်ပစ္စည်းများနှင့်ပဲပိစပ်များစားသုံးပါရန်။

အသီးဖျော်ရည်များကို လတ်လတ်ဆတ်ဆတ် သောက်သုံးပါရန်။

ဒိန်ချဉ်၊ ပဲမှ ရရှိသည့် အစားအသောက်များနှင့် စေ့အဆန်တစ်ချို့စားသုံးပါရန်။

ငါးများ၊ ကြက်၊ ဘဲ ကဲ့သို့သော အသားများ၊ ကြက်ဥများနှင့် အဆီနည်းသောအသားများစားသုံးပါရန်။

အဆီအစိမ့်များကိုလျှော့ပြီးစားသုံးပါရန်နှင့် အသားငါး အကင်များနှင့် ကြာရှည်အောင်ပြုလုပ်ထားသော အသားများကိုလျှော့ချစားသုံးပါရန်။

တောရိုင်းတိရစ္ဆာန်များ၏ အသားများကို လုံးဝ ရှောင်ကြဉ်ပါရန်။

ဆား၊ အဆီ သကြားနှင့် အရက်လျှော့သောက်ပါရန်။

ကြေညက်လွယ်သောအစာများကိုစားသုံးပါရန်။

ရေများများသောက်ပါရန်။

သကြားပါဝင်သော အချိုရည်နှင့် အဖျော်ယမကာများ လျှော့၍သောက်ပါရန်။

အရက်သေစာသောက်သုံးမှုလျှော့ချပါရန်။

ကျန်းမာရေးကောင်းမွန်စေသည့်နေထိုင်မှုပုံစံအတိုင်းနေထိုင်ပါရန်။

အစားအသောက်ကောင်းမွန်စွာစားသောက်ရန်နှင့်လေ့ကျင့်ခန်းကိုပုံမှန်ပြုလုပ်ပါရန်။

အလွန်အကျွံစားသောက်မှုကိုရှောင်ကြဉ်ပါရန်။

အချိန်ကြာမြင့်စွာ ထိုင်နေခြင်းကိုရှောင်ကြဉ်ပါရန်။

အစားအသောက်များကို လိုသလောက်သာပြင်ဆင်စားသောက်ပါရန်။

အစားအသောက်များ ခပ်ယူရန် သီးသန့်ဇွန်းနှင့်တူများအသုံးပြုကြပါရန် ။ စသည့်အချက်အလက်များအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါကြောင်းဆင်ဟွာသတင်းဋ္ဌာနမှစုစည်းတင်ဆက်ထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။   (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.