Connect with us

Videos

တရုတ်နိုင်ငံ၏ သက်တမ်းအရှည်ဆုံးတက္ကသိုလ်

ဟူနန်၊ နိုဝင်ဘာလ (၅) ရက်၊ (ဆင်ဟွာ)

ယွီးလာ တက္ကသိုလ်သည် ရှေးခေတ်ကာလ တရုတ်နိုင်ငံ နံမည်ကျော်ကြားအထင်ရှားဆုံး တက္ကသိုလ် တစ်ခုဖြစ်သည်။ တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် ၊ ချန်ရှ ရှိ ယွီးလာတောင်ခြေအရှေ့ဘက် တွင် ယွီးလာတက္ကသိုလ်အား ဆွန်းမင်းဆက် (၉) နှစ်မြောက်၊ ခိုင်ဘောင်မင်းလက်ထက်၊ အေဒီ ၉၇၆ခုနှစ် တွင် တည်ထောင်ခဲ့သည်။ တရုတ်နိုင်ငံ၏ ရှေးအကျဆုံးအဆင့်မြင့် ပညာရပ်များအား သင်ယူနိုင်ပြီး နိုင်ငံ၏ရှေးအကျဆုံးတက္ကသိုလ် (၄) ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။
ရှေးခေတ်တရုတ်လူမျိုးတို့သည်ပတ်ဝန်းကျင်ကောင်းမှ ပညာသင်ကြားရေးတွင် အထောက်အကူ ပြုမည်ဟု ၎င်းတို့က ယုံကြည်ခဲ့ကြသည်။ ယွီးလာကျောင်းမှ ကျောင်းသားအများစုသည် အင်ပါရာတရားရုံးတွင်အဆင့်မြင့်အရာရှိကြီးများ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြသည်။
သက္ကရာဇ် ၁၉ဝ၃ ခုနှစ်တွင် ယွီးလာ တက္ကသိုလ်ကို အဆင့်မြင့်ပညာသင်ကျောင်းအဖြစ် ပြောင်းလဲ ခဲ့ပြီး ၁၉၂၆ ခုနှစ်တွင် ဟူနန် တက္ကသိုလ် ၏ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။ ရှေးခေတ် တရုတ်တက္ကသိုလ် များ အနက် ယနေ့ခေတ်အထိ အဆင့်မြင့်ပညာရပ်များလေ့လာနိုင်သည့် တစ်ခုတည်းသော တက္ကသိုလ် ဖြစ်လာခဲ့သည်။

အဆိုပါ တက္ကသိုလ်သည် တရုတ်နိုင်ငံ၏ အဆင့်မြင့်ပညာရပ်များ၏ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် နိုင်ငံ၏ ပညာရေးစနစ်အား ထင်ဟပ်ပြသရာရောက်သည်။ ဟူနန်တက္ကသိုလ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ယွီးလာတက္ကသိုလ် ၌ ယခုအခါတွင် အတွေးအခေါ်ပညာ၊ သမိုင်းပညာ၊ ပညာရေးနှင့် စာပေပညာစသော အဓိက ဘာသာရပ်များအပါအဝင် သုတေသန ဘာသာရပ်များသင်ကြားရာ ပုံနှိပ်ရေးနှင့် သုတေသနပြုလုပ်နိုင်သောတက္ကသိုလ် တစ်ခုဖြစ်လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.