Videos
တရုတ်နိုင်ငံ က ကြံ့ခိုင်တောင့်တင်းသည့် တပ်မတော်တည်ဆောက်မည်
ပေကျင်း၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံက ဇူလိုင် ၂၄ ရက် ရက်တွင် “ ရာစုသစ် တရုတ် အမျိုးသားကာကွယ်ရေး” ဟု ခေါ်တွင်သည့် စက္ကူဖြူစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။
၎င်းစာတမ်းထဲတွင် နိုင်ငံ၏ အကာအကွယ် ဖြစ်သည့် အမျိုးသားကာကွယ်ရေးဆိုင်ရာမူဝါဒ ကို အသေးစိတ်ရှင်းလင်းတင်ပြထားပြီး အမျိုးသားကာကွယ်ရေးကဏ္ဍကို အားဖြည့်ပြီး ကြံ့ခိုင်တောင့်တင်းသည့် တပ်မတော် တည်ဆောက်နိုင်မည့် မူဝါဒများ၊ ရည်ရွယ်ချက်များနှင့် ကြိုးပမ်းအားထုတ်မှုများကို လည်း ဖော်ပြထားသည်။
အချုပ်အခြာအာဏာကို စိတ်ဓါတ်ခိုင်မာစွာ ကာကွယ်စောင့်ရှောက်ခြင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးစီးပွားများကို ဖွံ့ဖြိုးတိုးတက်စေခြင်းသည် ရာစုသစ် တရုတ် အမျိုးသားကာကွယ်ရေး၏ အခြေခံကျသည့် ပန်းတိုင်ဖြစ်သည်။
စက္ကူဖြူစာတမ်းတွင် တရုတ်နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်နှင့်ပတ်သက်၍ သဘာဝကျပြီးသင့်တော်သော အသေးစိတ်အချက်အလက် များကို ဖော်ပြထားသည်။ စက္ကူဖြူစာတမ်း က နိုင်ငံတကာ အသိုက်အဝန်းတွင် တရုတ်အမျိုးသားကာကွယ်ရေး မူဝါဒ အကြောင်းကို ကောင်းစွာ နားလည်စေရန်အထောက်အကူပြုစေမည်ဖြစ်ကြောင်းသိရသည်။(Xinhua)