Connect with us

Videos

ဗြိတိန်နိုင်ငံ အနေဖြင့် သဘောတူညီမှုရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ အောက်တိုဘာ ၃၁ ရက်နေ့တွင် ဥရောပ သမဂ္ဂမှ နှုတ်ထွက် သွားမည်

လန်ဒန်၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ၌ လက်ရှိအချိန်တွင် ဘောရစ်ဂျွန်ဆင် ဝန်ကြီးချုပ်ဖြစ်လာသည့်အချိန်အထိ Brexit နုတ်ထွက်ရေးကိစ္စမှာ ထိပ်တန်း စိန်ခေါ်မှုတစ်ခုဖြစ် လျက်ရှိသည်။ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဗြိတိန်နိုင်ငံ အနေဖြင့် Brexit နှင့် ပတ်သက် ၍ သဘောတူညီမှုရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ အောက်တိုဘာ ၃၁ ရက်နေ့တွင် ဥရောပ သမဂ္ဂမှ နှုတ်ထွက် သွားမည်ဖြစ်ပြီး အခွင့်အလမ်းများကို အကျိုးစီးပွားများအဖြစ် အသုံးချ သွားမည်ဖြစ်ကြောင်းပြောကြားသွားခဲ့သည်။

၂ဝ၁၆ ခုနှစ်တွင် ပြုလုပ်သော လူထုဆန္ဒခံယူပွဲအပြီးတွင် ထိုစဉ်က ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်း ရာထူးမှနုတ်ထွက်ခဲ့ရပြီးနောက် နိုင်ငံ့ခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်မှုတွင် ပါဝင်ရန် ရည်ရွယ်ချက်များကို ဘောရစ်ဂျွန်ဆင်က စွန့်လွှတ်ခဲ့ပြီး လေးနှစ်အကြာ ဇူလိုင် ၂၃ ရက်တွင် အနိုင်ရ၍ ဝန်ကြီးချုပ်ဖြစ်ခွင့် ရခဲ့သည်။

ဇူလိုင် ၂၃ ရက်က ရွေးကောက်ပွဲ ရလဒ်ကြေညာခဲ့ပြီးနောက်တွင် လက်ရှိဝန်ကြီးချုပ်ထရီဇာမေ နှင့် ဘောရစ်ဂျွန်ဆင်တို့အကြား ရာထူးလွှဲပြောင်းရန် ဖြစ်လာသည်။ ထရီဇာမေသည် ၂ဝ၁၆ ခုနှစ်တွင် ဒေးဗစ်ကင်မရွန်းထံမှ ဝန်ကြီးချုပ်ရာထူးဆက်ခံခဲ့သူဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.