Videos
တရုတ်နိုင်ငံ တာ့လျန်မြို့ရှိ မြွေကျွန်းကို စူးစမ်းလေ့လာခြင်း
တာ့လျန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် တာ့လျန်မြို့ရှိ ၇၃ ဟက်တာကျယ်သော မြွေကျွန်းသည် အဆိပ်ရှိမြွေများ၏ ကမ္ဘာဟုခေါ်ဆိုနိုင်ပါသည်။
တချို့သော သုတေသီများက နှစ်ပေါင်း ၄၀ ကျော်ကြာသည့်တိုင် ယင်းမြွေကျွန်း၌ စခန်းချကာ လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။
ကာကွယ်ထိန်းသိမ်းရေး ကြိုးပမ်းအားထုတ်မှုများကြောင့် မကြာသေးမီနှစ်များအတွင်း ကျွန်းပေါ်ရှိ မြွေအရေအတွက် တိုးပွားလာခဲ့သည်။
ယခုအခါ အဆိုပါကျွန်းရှိ မြွေပွေးကျင်းအရေအတွက်မှာ ၂၀,၀၀၀ နီးပါးရှိကြောင်း သိရသည်။
မြွေကျွန်းရှိ မြွေများအား စူးစမ်းလေ့လာရိုက်ကူးထားသည်ကို အောက်ပါဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua)