Videos
တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ ပြင်းပြင်းထန်ထန်လေ့ကျင့်မှုများ
ချုံချင့်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ တောင်တန်းများတွင် ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာက လေ့ကျင့်ရေးများ ပြင်းပြင်းထန်ထန် ပြုလုပ်နေသည်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖြစ်ပါသည်။
အဆိုပါ လေ့ကျင့်ရေးများ ပြုလုပ်စဉ် တပ်သားများသည် အလေးချိန် ၃၀ ကီလိုဂရမ်ကို သယ်ဆောင်လျက် ခက်ခဲသော လေ့ကျင့်ခန်းများကို ၇ ရက်အတွင်း အနည်းဆုံး ၁၈ နာရီကြာ ပြုလုပ်ခဲ့ကြသည်။
အထူးစစ်ဆင်ရေးများအတွက် တပ်သားများ၏ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု တိုးမြင့်စေရန် ရည်ရွယ်၍ အဆိုပါ လေ့ကျင့်မှုအား ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)