Connect with us

Videos

တိဗက်ကုန်းပြင်မြင့်ရှိ မျက်စိပသာဒဖြစ်ဖွယ် ရေကန်များ

တိဗက်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၅၀၀ ကျော်တွင်ရှိသော မျက်စိပသာဒဖြစ်ဖွယ် ရေကန်လေးကန်၏ အံ့ဖွယ်ရှုမျှော်ခင်းများကို ရိုက်ကူးပြသထားသည့် ဗီဒီယိုဖြစ်ပါသည်။

Lake Namtso အမည်ရှိသော ရေကန်သည် တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဒုတိယအကြီးဆုံး ရေကန်ဖြစ်သည်။

Siling Lake ရေကန်မှာမူ တိဗက်ဒေသ Naqu မြို့တွင်ရှိပြီး အကြီးဆုံးရေကန်လည်း ဖြစ်သည်။

ထို့ပြင် တိဗက်ဒေသရှိ အနက်ဆုံးရေကန်မှာ Tangra Yumco ရေကန်ဖြစ်ပြီး မီတာ ၂၁၀ ကျော် အနက်ရှိပါသည်။

နောက်ရေကန်တစ်ခုမှာ Zhari Namco အမည်ရှိသော ရေကန်ဖြစ်ပြီး အမြင့်ဆုံး ဆားငံရေကန်များအနက်တစ်ခုဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄,၆၀၀ တွင် တည်ရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.