Videos
တရုတ်နိုင်ငံ ရှိ ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ ဗုဒ္ဓကောလိပ် နှင့် ရုပ်ပွားတော်မြတ်များ
ကျိုဝှါ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချင်းရန်စီရင်စု၊ အန်းဟွေး ပြည်နယ်ရှိ ကျိုဝှါတောင်သည် ရှေးဟောင်းအမွေအနှစ် ဘုရားကျောင်းဆောင်များနှင့် လှပသောရှုခင်းများကြောင့် ကျော်ကြားသည်။ ထိုတောင်ထိပ်တွင် ၉၉ မီတာ အရှည်ရှိသည့် ဗောဓိသတ္တ ရုပ်ပွားတော်မြတ်ကြီးတစ်ဆူကိုလည်းတည်ထားကိုးကွယ်ထား သည့်အပြင် ဘုန်းတော်ကြီးအပါး ၅ဝ ခန့် ဗုဒ္ဓစာပေများကို လေ့လာလိုက်စားလျက်ရှိသည့် ဗုဒ္ဓကောလိပ် ကိုလည်း တည်ဆောက်ထားသည်။ ကျိုဝှါတောင်သည် တရုတ်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာအမွေအနှစ်များဖြင့်ပြည့်နှက်လျက်ရှိသည်။ (Xinhua)