Connect with us

Videos

မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို) ပထမအကြိမ် သင်းလုံးကျွတ် အထူးအစည်းအဝေး ကျင်းပ

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ပထမအကြိမ် သင်းလုံးကျွတ် အထူးအစည်းအဝေးကို ဇွန်လ ၁၇ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းရှိ Myanmar Sports ဟိုတယ်၌ ကျင်းပသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်း က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်နှင့် တာဝန်ရှိသူများ က လက်ခံ ရယူကြသည်။ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) သည် အသင်းစတင်ဖွဲ့စည်းပြီးသည်မှ စ၍ လူမှုရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပြီး လူ့စွမ်းအားအရင်းအမြစ်တိုးပွားရေး၊ ယဉ်ကျေးမှုဖလှယ်ရေး နှင့် ပညာရေးကဏ္ဍ၊ ကျန်းမာရေး နှင့် စီးပွားရေးကဏ္ဍများတွင်လည်း ကူညီပံ့ပိုးမှုများ ဆောင်ရွက်ခဲ့သည့်အပြင် နှစ်နိုင်ငံအကြား ဖြစ်ပေါ်ခဲ့သော ဘေးအန္တရာယ်ကျရောက်မှုများအတွက် အပြန်အလှန်ကူညီမှုများအားဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ ပညာရေးကဏ္ဍတွင် မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူများအား ပညာသင်ဆုပေးအပ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ စေလွှတ်ပညာသင်ယူစေလျက်ရှိပြီး၊ လေ့လာရေးခရီးစဉ်များလည်း စေလွှတ်လျက်ရှိသည်။

မြန်မာ -တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းတို့သည် လူမှုရေး အကူအညီပေးရေး လုပ်ငန်းများအနေဖြင့် ကျောက်ဖြူ-ကူမင်း ရေနံ/ဓာတ်ငွေ့ပိုက်လိုင်း တစ်လျှောက်မြို့နယ်များမှ စာသင်ကျောင်း၊ဆေးရုံ၊ဆေးခန်း၊လမ်းများ အသစ်ဆောက်လုပ်ခြင်း နှင့် ပြုပြင်ခြင်း စသည့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်နည်းတူ နှစ်နိုင်ငံရေဘေးသင့်ပြည်သူများ၊ငလျင်ဒဏ်ခံ ပြည်သူများ၏ အခက်အခဲများကို အကူအညီပေးနိုင်ရန်အတွက် လှူဒါန်းမှုများ ၊ ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ကယ်ဆယ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ နောင်လာမည့်အနာဂတ်တွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းတို့ လက်တွဲလျက် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ကို ၂၀၁၃ခုနှစ် ၊မေလ ၃၀ရက်နေ့ကစပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ခိုင်မာစေရန်အတွက်ကြိုးစားအားထုတ်ခဲ့ကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ပိုမိုတိုးပွားလာစေရန် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု၏ လူနေမှု ဘဝ မြှင့်တင်စေရန့်မြန်မာမိတ်ဆွေများ နှင့် အတူတကွပူးပေါင်းပါဝင်ဖို့ ဆန္ဒရှိကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံမှူးကြီး မစ္စတာချန်းချန် (Mr. Chen Chen) မှ ပြောကြားခဲ့သည်။

အစည်းအဝေးပွဲတွင် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းခွဲများဖြစ်ကြ သည့် မန္တလေး၊ လားရှိုး၊ တောင်ကြီး၊ မော်လမြိုင်တို့မှ ကိုယ်စားလှယ်များက တင်ပြကြပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရန် ဆွေးနွေးကြသည်။ ယင်းနောက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားပြီးအခမ်းအနားကိုရုတ်သိဒ် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.