Videos
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ရှားပါး ကြိုးကြာများအစာပြတ်လပ် မှုဖြစ်
ယူနန် ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ်တွင်တွေ့ရသော ရှားပါးမျိုးနွယ်ဝင် လည်တိုင်အနက်ရောင် ကြိုးကြာများသည် နှင်းများထူထပ်စွာကျနေသော ပြင်းထန်သည့်ရာသီဥတု ဒဏ်ကြောင့် အစာ ပြတ်လတ်မှုကိုခံစားလျက်ရှိသည်။ ထို့ကြောင့် ကြိုးကြာထိန်းသိမ်းစောင့်ရှောက်သူများမှ ၎င်းတို့ အစာအတွက် နေ့စဉ် ပြောင်းဖူးများကို ပို့ဆောင်ပေးရကြောင်းသိရသည်။ ထောင်ပေါင်းများစွာသော ကြိုးကြာငှက်များမှာ အစာပြတ်လတ်ခြင်းဖြစ်ပေါ်နေပြီး နှင်းများမှာအလွန်ထူထပ်စွာကျရောက်ခဲ့သည်။ ကြိုးကြာထိန်းသိမ်းစောင့်ရှောက်သူ ယင်းလန် ဆိုသူ အသက် ၆ဝ အရွယ်အမျိုးသမီးမှနေ့စဉ်ကြိုးကြားများကို အစာကျွေးထားရခြင်းဖြစ်သည်။ နေ့စဉ် ပြောင်းဖူး ၄၅ ကီလို ကို ကြိုးကြာများအတွက် သယ်ပိုးပြီးကျွေးရကြောင်းသိရသည်။ (Xinhua)