Connect with us

Videos

အာဂျင်တီးနားနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသည်များအတွက် ဂြိုဟ်သားဥယျာဉ်

ကတ်ပီလာဒယ် မွန်တီ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ မြို့တော် ဗြူနိုအေးရိစ် မှ ၇၂၅ ကီလိုမီတာ အကွာ ရှိ ကတ်ပီလာဒယ် မွန်တီ မြို့လေး၌ ဂြိုဟ်သားဥယျာဉ် ကို ခရီးသည်များအတွက် ဆောက်လုပ်ထားသည်။

လမ်းတစ်လျှောက်တွင် ဂြိုဟ်သားရုပ်များ၊ ဝတ်စုံများနှင့်လက်ဝတ်ရတနာများ ပန်းကန်ပြားပျံလေးများကို ရောင်းချသည့် ဆိုင်များလည်းရှိသည်။ ပန်းကန်ပြားပျံရုပ်တု သည် မြို့ ၏ သင်္ကေတဖြစ်သကဲ့သို့ ခရီးသည်များကို ပန်းကန်ပြားပျံငယ်များဆီသို့ လိုက်လံပို့ဆောင်ပေးသည့် ခရီးစဉ်များ ရှိခြင်းကြောင့် နေ့စဉ် လာရောက်လည်ပတ်ကြ သူများရှိသည်။
ပြီးခဲ့သည့် ရက်အနည်းက မြို့တွင် ၄ကြိမ်မြောက်ဂြိုဟ်သားပွဲတော်ကို ကျင်းပခဲ့ပြီး ထိုပွဲတော်တွင် အာကာသနှင့်ဆိုင်သော ဗဟုသုတများ၊ ဂြိုဟ်သားအကများ ဂြိုဟ်သားဝတ်စားဆင်ယင်မှုပြိုင်ပွဲများအပြင် ဂြိုဟ်သားအပြေးပြိုင်ပွဲကိုပါ ကျင်းပခဲ့သေးကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.