Videos
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှိ အလိုအလျောက် စနစ်သုံး ကုန်သေတ္တာတင်ဆိပ်ကမ်း
ချင်းသောင်၊ မေ ၂၄ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ် ချင်းသောင်မြို့တွင် ကုန်သေတ္တာများကို အလိုအလျောက် အတင်အချပြုလုပ်သည့် ကုန်သေတ္တာတင်ဆိပ်ကမ်းတည်ရှိသည်။ အဆိုပါဆိပ်ကမ်းတွင် စမတ်နည်းပညာသုံး ကုန်သေတ္တာ အတင်အချ ပြုလုပ်သည့် စနစ်ကို အသုံးပြုထားသောကြောင့်ကုန်သေတ္တာတင်ယာဉ် ၏အကူအညီမပါဘဲ အလွယ်တကူသယ်ယူပို့ဆောင်နိုင်မှာဖြစ်သည့်အပြင် ကုန်သေတ္တာများပြိုကျမှုမရှိစေရန် ကာကွယ်ထားသည့်စနစ်ကိုလည်း ထည့်သွင်းတပ်ဆင်ထားသည်။ အသိဉာဏ်တုနည်းပညာနှင့်အတူ မှတ်ဉာဏ်ဖတ်စနစ်ကိုပါ အဆင့်မြှင့်တင်တပ်ဆင်ထားသောကြောင့် ကုန်သေတ္တာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်လျှောက် အဆင်ပြေချောမွေ့စေရန် စီစဉ်ထားကြောင်းသိရသည်။ (Xinhua)