Connect with us

Videos

ဟွာဝေး ကုမ္ပဏီအား တားမြစ် ပိတ်ပင်မှု မြန်မာနိုင်ငံ အတွက် သက်ရောက်မှု ရှိမည် မဟုတ်

ရန်ကုန် ၊ မေ ၂၅ ရက်(ဆင်ဟွာ)

ဟွာဝေး ကုမ္ပဏီအား တားမြစ် ပိတ်ပင်မှုများ ရှိနေသော်လည်း ဟွာဝေး ထုတ်ကုန်များအား သုံးစွဲ လျက် ရှိသည့် မြန်မာနိုင်ငံ ဈေးကွက် အတွက် ဆိုးရွားသည့် သက်ရောက်မှုများ ရှိမည် မဟုတ် ကြောင်း Huawei Myanmar ၏ ပြည်သူ့ရေးရာ နှင့် ဆက်သွယ်ရေး ဌာန ညွှန်ကြားရေးမှူး Mr.Zhu Bo က မေလ ၂၄ ရက် တွင် ပြောကြားခဲ့သည်။

မြန်မာ ပြည်သူများ အနေဖြင့် အခြား နိုင်ငံများ ကဲ့သို့ ခက်ခဲသည့် အခြေအနေများနှင့် ရင်ဆိုင်ရမည် မဟုတ် ကြောင်း ၊ မြန်မာနိုင်ငံအတွင်းရှိ Huawei ထုတ်ကုန်များ အားလုံး အတွက် ထိခိုက်မည် မဟုတ်ကြောင်း ၊ မြန်မာပြည်သူများ အနေဖြင့် ဈေးကွက် အတွင်းရှိ Huawei ထုတ်ကုန်များ အားလုံးကို လွတ်လပ်စွာ ဆက်လက် ဝယ်ယူ အသုံးပြုနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခု အခြေအနေတွင် Huawei ကုမ္ပဏီက Google ကုမ္ပဏီ နှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်ရန် ညှိနှိုင်းမှု များ လုပ်ဆောင်နေကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

Huawei ထုတ်ကုန် သုံးစွဲသူများ အနေဖြင့် အမေရိကန်၏ တားမြစ်ပိတ်ပင်မှု ၊ Google ၏ ကြေညာမှု များကြောင့် စိုးရိမ်ပူပန်စရာ မလိုဘဲ ဈေးကွက်အတွင်းမှ ထုတ်ကုန်များကို ဆက်လက် ဝယ်ယူနိုင်ကြောင်း ၊ ထို့အတူ Huawei ကုမ္ပဏီ အနေဖြင့် အရန်အစီအစဉ်(Plan B) ရှိပြီးသား ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

Huawei ကုမ္ပဏီသည် မိုဘိုင်းလ်ဖုန်း တစ်မျိုးတည်းသာ ထုတ်လုပ်ခြင်း မဟုတ်ဘဲ 5G နည်းပညာကဲ့သို့ အခြားနယ်ပယ်များတွင် များစွာသော ICT နည်းပညာများအား ထောက်ပံ့မှုများ လုပ်ဆောင်လျက် ရှိကြောင်း ၊ ထိုကြောင့် အမေရိကန်၏ တားမြစ်ပိတ်ပင်မှုများသည် သက်ရောက်မှုမရှိဘဲ ကိုယ်ပိုင် ထုတ်ကုန်များ နှင့် ဖြေရှင်းမှုများ ရှိကြောင်း Mr.Zhu Bo က ပြောကြားခဲ့သည်။

အမေရိကန်အစိုးရရဲ့ ပိတ်ဆို့တင်းကျပ်မှုများကြောင့်ဟွာဝေးကုမ္ပဏီ၏အဆင့်မြင့်နည်းပညာထုတ် ကုန်များ၊ အထူးသဖြင့် 5G နည်းပညာထုတ်လုပ်မှုများအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ထိခိုက်မှုရှိ မည် မဟုတ်ကြောင်း ဟွာဝေးနည်းပညာကုမ္ပဏီလီမိတက်ကိုစတင်တည်ထောင်သူနှင့်ကုမ္ပဏီဥက္ကဋ္ဌလည်းဖြစ်သော ရိမ်ကျိန့် ဖေး က မေလ ၂၁ ရက်ကပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.